အောက်တိုဘာလတွင် ကုန်သေတ္တာတင်ယာဉ် (၅၂) စင်းဝင်ရောက်ဆိုက်ကပ်မည်

0
18

လာမည့် အောက်တိုဘာလတွင် ကုန်သေတ္တာတင်ယာဉ် (၅၂) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

ပြည်တွင်းသို့ ယခုနှစ်၏ (၇)လတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၄၆၄) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်သည်။

လအလိုက် ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် (၄၉)စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း ၊ မတ်လတွင် (၅၅) စင်း၊ ဧပြီ လတွင် (၅၀)စင်း၊ မေလတွင် (၅၂)စင်း၊ ဇွန်လတွင် (၅၀)စင်း ၊ ဇူလိုင်လတွင် (၅၀) စင်း၊ ဩဂုတ်လတွင် (၅၀) စင်း၊စက်တင်ဘာလတွင် (၅၅) စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော (၆၄၇)စင်းဝင်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here