အမေရိက က ယူကရိန်းကို စစ်ရေးကူညီခြင်းသည် အကြီးအကျယ်မှား–ပြုံယမ်း

0
20
This photo taken on September 13, 2024 and released from North Korea's official Korean Central News Agency (KCNA) via KNS on September 14, 2024 shows North Korea's leader Kim Jong Un (R) seeing off Russia's Security Council Secretary Sergei Shoigu at an undisclosed location in North Korea. (Photo by KCNA VIA KNS / AFP)

အမေရိက,က ယူကရိန်းကို ဒေါ်လာ ၈ ဘီလျံဖိုး စစ်ရေးအကူအညီ ပေးအပ်ခြင်းသည် မယုံကြည်နိုင်လောက်အောင် မှာယွင်းကြောင်းနှင့် နျူကလီးလက်နက် အင်အားကြီး ရုရှားကို ဆန့်ကျင်ကာ မီးနှင့် ကစားနေခြင်းဖြစ်ကြောင်း ရုရှားသို့ လက်နက်များ တရားမဝင် ပံ့ပိုးနေသည်ဟု စွပ်စွဲခံထားရသည့် မြောက်ကိုရီးယားက တနင်္ဂနွေနေ့(စက်တင်ဘာ ၂၉) တွင် ပြောကြားလိုက်သည်။

ယူကရိန်းသမ္မတ ဇလန်းစကီး ဝါရှင်တန်သို့ ရောက်ရှိစဉ် တာဝေးပစ်လက်နက်များအပါအဝင် မိမိကိုယ်ကို ကာကွယ်ရေး အထောက်အကူဖြစ်စေရန် ကိဗ်ကို စစ်ရေးအကူအညီသစ်ပေးအပ်သွားမည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ သြဇာကြီး ညီမဖြစ်သူ ကင်မ်ယိုဂျွန်က ဝါရှင်တန်သည် ယူကရိန်း ပဋိပက္ခကို အရှိန်မြှင့်နေကာ ဥရောပတစ်တိုက်လုံးကို နျူကလီးယားစစ်ပွဲ ချောက်ကမ်းပါးသို့ တွန်းပို့နေသည်ဟု ပြောကြားခဲ့သည်။

“အမေရိကနဲ့ အနောက်အုပ်စုဟာ ရုရှားရဲ့ လေးနက်တဲ့ သတိပေးမှုကို မပစ်ပယ်သင့်၊ လျှော့မတွက်သင့်ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ကင်မ်က ပြောဆိုသည်ဟု နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြသည်။

ထို့အပြင် နျူကလီးယား စူပါပါဝါဖြစ်သည့် ရုရှားကို မဆင်မခြင် မီးနှင့်ကစားသလိုလုပ်နေသည့် ၎င်းတို့၏ လုပ်ရပ်ကြောင့် ဖြစ်လာမည့် အကျိုးဆက်များကို အမေရိကနှင့် အနောက်နိုင်ငံများ ကိုင်တွယ်ဖြေရှင်းနိုင်မည်လားဟူ၍လည်း သူက မေးခွန်းထုတ်ခဲ့သည်။

ရုရှားနိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ပါက နျူကလီးယားလက်နက်များ ကို ထုတ်သုံးရနိုင်သည်ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သတိပေးခဲ့သကဲ့သို့ နျူလက်နက်ပိုင်နိုင်ငံတစ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် တိုက်ခိုက်လာမှုမျိုးကို ပူးပေါင်းတိုက်ခိုက်ခြင်းအဖြစ် မှတ်ယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here