ဗီယက်နမ်နှင့်ကမ္ဘောဒီးယားတို့ သတင်းအချက်အလက်နှင့်ပညာရေးကဏ္ဍ၌ ပူပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

0
7

ဖနွမ်းပင်၊စက်တင်ဘာ ၂၉

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမ ပြန်ကြားရေးနှင့်ပညာရေးကော်မရှင် အမြဲတမ်းဒုတိယဥက္ကဌ Lai Xuan Mon ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့ကြောင်းသိရသည်။

၎င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သတင်းအချက်အလက်နှင့်ပညာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ပါတီလမ်းကြောင်းမှတစ်ဆင့် ပူးပေါင်းမှုကိုတိုးမြှင့်ဆောင်ရွက်မည့် ကော်မရှင်နှစ်ရပ်အတွက်လည်း အထောက်အကူဖြစ်စေခဲ့သည်ဟုဆိုသည်။

ဆက်လက်၍မစ္စတာ Mon က ဗီယက်နမ်အနေဖြင့် ကမ္ဘောဒီးယားပြည်သူ့ပါတီနှင့် ကမ္ဘောဒီးယား၏ အမျိုးသားကာကွယ်ရေး၊တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစဉ်အမြဲထောက်ခံအားပေးပြီး အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် နှစ်နိုင်ငံလက်တွဲ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

တစ်ဖန် ကမ္ဘောဒီးယားအစိုးရနှင့် ဝန်ကြီးချုပ်ဟွန်မာနက်ကလည်း ဗီယက်နမ်နှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြန်လည်ပြောကြားခဲ့သည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here