အောက်တိုဘာလ ပထမအပတ်တွင် နိုင်ငံအနှံ့ မိုးရွာမည်

0
20

စက်တင်ဘာ (၃၀) ရက် မှ စပြီး အောက်တိုဘာလ ပထမပတ်ထဲတွင် နိုင်ငံအနှံ့မိုးရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ရေးသားထားသ ည်။

ဧရာဝတီ နှင့် ချင်းတွင်း မြစ်ဖျားပိုင်းတွင် မိုးအလွန်များနိုင်ပြီး အ‌ရှေ့မြောက်ဘက်မှ ဝင်လာမည့် မိုးတိမ်များရွေ့လျားရာလမ်းကြောင်းပေါ်ရှိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်း ပြည်နယ် မြောက်ပိုင်း ဒေသတချို့တွင် (၂၄) နာရီအတွင်းမိုးများနိုင်ကြောင်း အသိပေးထားသည်။

မကွေးတိုင်းတွင် မကွေးမြို့ပေါ်၌ (၂၄)နာရီအတွင်းရွာသွန်းမည့် မိုးရေချိန်မများနိုင်သော်လည်း သရက်၊စလင်း၊ အော င်လံ(မြေဒူး)စသည့် မြို့များတွင် ၃၀ မီလီမီတာအထက်မှ ၄၀ မီလီမီတာအထက် (၂၄) နာရီအတွင်း ၁.၁၈ လက်မမှ ၂ လက်မ နီးပါးအထိ) မိုးရွာနိုင်ကြောင်း ရေးသားထားသည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ကလေးမြို့နယ်နှင့်၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်များတွင် “အောက်တိုဘာ (၁) ရက် နံနက် (၁) နာရီ မှ အောက်တိုဘာ (၂) ရက် နံနက် (၁) နာရီအထိ (၂၄)နာရီအတွင်း မိုးရေချိန် (၆) လက်မခန့်မှ (၈) လက်မ ခွဲခန့်အထိ မိုးအလွန်များများရွာသွန်းနိုင်ကြောင်း ၊ကလေးမြို့နယ်အတွင်း မြစ်သာမြစ်ရေ တက်လာနိုင်ခြင်းအပါအဝင်၊ နယ်နမိတ်ချင်း ကပ်လျှက်တည်ရှိနေသော ချင်း ပြည်နယ်မြောက်ပိုင်းတွင်လည်း မိုအလွန်များပြီး၊ တောင် ကျချောင်းရေ ရုတ်တရက်ကျဆင်းခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်အသိပေးထားသည်။

ထို့ပြင် တာချီလိတ်မြို့နှင့်အနီးတဝိုက်၊ မယ်ဆိုင်ချောင်းတလျှောက် မိုးများနိုင်ပြီး ချောင်းရေမြင့်တက်လာနိုင်သည့် အတွက် ထပ်မံရေကြီးနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here