Online လိ-မ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်အား တရုတ်နိုင်ငံသို့လွှဲပြောင်းပေး

0
17

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စက်တင်ဘာလအ တွင်းက ဖမ်းမိခဲ့သည့် ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် Online လိ-မ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၃၁၃)ဦးကို စက်တင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ယခုလအတွင်း မူဆယ်မြို့ရှိ Online လိ-မ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေသည့်နေရာများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးစဥ် တရုတ်နိုင်ငံသားတရားခံပြေး(၄၅)ဦးအပါအဝင် တရုတ်နိုင်ငံသား(၃၁၃)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသား(၅၅၇)ဦးကိုလည်း ဖမ်း ဆီးရမိခဲ့ပြီး Online လိ-မ်လည်ရာတွင်အသုံးပြုသည့် ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ဖုန်းများနှင့် Scam စက်များကိုလည်း သိမ်းဆည်းရမိခဲ့ကာ အဆောက်အဦများကိုလည်း ဥပဒေနှင့်အညီ ချိပ်ပိတ်သိမ်းဆည်း၍ တရားစွဲဆိုမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား (၃၁၃)ဦးအား ဥပဒေများနှင့်အညီ အမှုဖွင့်အရေး ယူကာ တရုတ်နိုင်ငံတွင်လည်း ဆက်လက်အရေးယူနိုင်ရန် ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခဲ့ကြသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိ-မ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြားတွင် သတင်းဖလှယ်မှုများဆောင်ရွက်၍ တရားခံပြေးများ၊ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here