တရားမဝင်ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ ဘန်ကောက်၌ထိန်းသိမ်းခံရ

0
19

ဘန်ကောက်၊စက်တင်ဘာ ၃၀

ထိုင်းနိုင်ငံရှိ တရားမဝင်ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား ၂၅၉ ဦးသည် ထိုင်းနိုင်ငံအတွင်း တရားဝင်စာရွက်စာတမ်းမရှိသည့်အတွက် ဖမ်းဆီးခံရပြီးနောက် ထိုင်းရှိ ကမ္ဘောဒီးယားသံရုံးသည် ဒေသဆိုင်ရာထိုင်းအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသည် နိုင်ငံခြားလုပ်သားများအနေဖြင့် နိုင်ငံတွင်းတရားဝင်စာရွက်စာတမ်းများဖြင့် လုပ်ကိုင်နေထိုင်စေရန်အတွက် ပိုက်စိပ်တိုက်ဖမ်းဆီးစစ်ဆေးမှုများရှိနေပြီး ပြည်ပလုပ်သား ၂၅၆,၂၁၃ ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီးထားကြောင်းသိရသည်။

ယခုဖမ်းဆီးစစ်ဆေးမှုများသည် ထိုင်းအာဏာပိုင်များ၏ နှစ်စဉ်ပြုလုပ်နေကျ ရက်ပေါင်း ၁၂၀ လှုပ်ရှားမှု၏ တစ်ခုအပါအဝင်ဖြစ်ပြီး ဖမ်းဆီးခံရသူ တရားမဝင်လုပ်သားများထဲတွင် မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်နှင့် ကျန်နိုင်ငံမှ တရားမဝင်လုပ်သားများကိုထိခိုက်စေခဲ့ကြောင်းလည်းသိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏အဆိုအရ ယခုဖမ်းဆီးထိန်းသိမ်းခံရသည့် ကမ္ဘောဒီးယားနိုင်ငံသား ၂၅၉ ဦးသည် ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားမဲ့ နေထိုင်အလုပ်လုပ်ကိုင်နေခြင်းကြောင့်ဖြစ်သည်ဟုလည်းသိရသည်။

ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံအလိုက်တရားမဝင်လုပ်သားအင်အားများမှာ မြန်မာလုပ်သား ၁၉၃,၄၃၀ ဦး၊ကမ္ဘောဒီးယား ၃၉,၇၃၆ ဦး၊လာအို ၁၅,၂၈၁ ဦး၊ဗီယက်နမ်မှ ၁၆၂ ဦးနှင့် ကျန်နိုင်ငံအသီးသီးမှ စုစုပေါင်း ၇,၆၀၄ ဦးရှိကြောင်းသိရသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here