နောက်ထပ် ၅ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် အများစု၌ မိုးသည်းထန်စွာရွာသွန်းမည်

0
34

ရာသီဥတုဖြစ်စဥ်(၃)ခုကြောင့် နောက်ထပ် ၅ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အများစု၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလမှ စက်တင်ဘာ ၃၀ ရက်မွန်းလွဲ ၂ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှုတို့ဖြစ်ပေါ်မည်ဟု ဆိုသည်။

ယင်း ဖြစ်စဥ်များကြောင့် စက်တင်ဘာ ၃၀ ရက်မွန်းလွဲပိုင်းမှ အောက်တိုဘာ ၅ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီးမှလွဲ၍ နေပြည်တော်နှင့် ကျန်တိုင်းဒေကြီးနှင့်ပြည်နယ် တို့တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု အသိပေးခဲ့သည်။

ထို့ပြင် အချို့ဒေသများတွင်လည်း ဒေသအလိုက်နှင့်နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးတွင်နေထိုင်သူများ၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးနှိုးဆော်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here