ယာယီပိတ်ထားရသည့် အ.ထ.က(ဆန်ဆိုင်း)ပြန်လည်ဖွင့်လှစ်

0
31

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စံချိန်တင်ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် အ.ထ.က(ဆန်ဆိုင်း)အား စက်တင်ဘာ ၃၀ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ရေပြန်ကျသွားချိန်တွင် ကျောင်းအတွင်း၌ ရွှံ့နွံများ၊ အမှိုက်သရိုက်များနှင့်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့၍ ပြုပြင်ရှင်းလင်းလျက်ရှိရာမှ ပြုပြင်ရှင်းလင်းပြီးဖြစ်သည့် စာသင်ခန်းများအနက် Gread-4 မှ Gread-12 အထိအား ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် KG တန်း၊ Grade-1၊ Grade-2 နှင့် Grade-3 တန်းများကိုလည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိပြီး အလှူရှင်တစ်ဦးမှ White board (၂၂)ချပ်နှင့် အခြားလိုအပ်ချက်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့နယ်ရှိ အခြေခံပညာကျောင်း(၈)ကျောင်းအတွင်းသို့ ရေများဝင်ရောက်ကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည်ကျဆင်းသွားချိန်တွင် အခြေခံပညာကျောင်း(၆)ကျောင်းကိုပြန်လည်ဖွင့်လှစ်ခဲ့ကာ စက်တင်ဘာ ၃၀ ရက်တွင် အ.ထ.က(ဆန်ဆိုင်း)ကို ထပ်မံဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြန်လည်ပြုပြင်ရှင်းလင်းမှုများပြုလုပ်လျက်ရှိသည့် အ.လ.က(တာလော့)တွင်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများအနက် KG တန်းမှ Grade-3 အထိအား တာချီလိတ်မြို့နယ်ဓမ္မာရုံ၊ Grade-4 မှ Grade-9 အထိအား အ.ထ.က(မကာဟိုခမ်း)တို့၌တက်ရောက်သင်ကြားနိုင်ရန် စီစဥ်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here