Monday, December 30, 2024

ထိုင်းဘဏ်များမြန်မာနိုင်ငံလက်နက်ကိစ္စနှင့်မပတ်သက်

ဘန်ကောက်၊ဒီဇင်ဘာ ၃၀ ထိုင်းနိုင်ငံအတွင်းရှိဘဏ်အချို့သည် မြန်မာအစိုးရ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ကူညီပေးခဲ့သည့်ဟူသော ကုလသမဂ္ဂ၏ ပြောကြားမှုကို ထိုင်းအာဏာပိုင်များက ဘဏ်အထောက်အထားမတွေ့ရှိကြောင်းဆိုကာ ငြင်းပယ်ခဲ့သည်ဟုသိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လကထုတ်ပြန်ကြေငြာခဲ့သည့်...

အိန္ဒိယကဂျပန်ကိုကျော်ကာအာရှ၏တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာ

နူးဒေလီ၊ဒီဇင်ဘာ ၃၀ Lowy Institute က ထုတ်ပြန်သော Asia Power Index ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံကိုကျော်တက်ကာ အာရှတွင်...

မြန်မာနိုင်ငံရှိ အဓိကတယ်လီကွန်းလိမ်လည်မှုဂိုဏ်းကိုတရုတ်ကတရားစွဲဆို

ဟန်ကျိုး၊ဒီဇင်ဘာ ၃၀ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တယ်လီကွန်းလိမ်လည်မှုဂိုဏ်းအဖွဲ့ဝင် ၃၉ ဦးကို တရုတ်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာလိမ်လည်မှု၊တယ်လီကွန်းလိမ်လည်မှုများဖြင့် တရုတ်နိုင်ငံက ယနေ့တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တရားစွဲဆိုခံရသူများထဲတွင် မောင်မြင်ရှောင့်ဖျင်နှင့်မသီရိမောင်တို့အပါအဝင် သံသယရှိသူများအား လိမ်လည်မှု၊ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရစေမှု၊ လူများကို...

ဂျပန်ကုမ္ပဏီများ အလုပ်သမားရှားပါး၍ နိုင်ငံခြားဝန်ထမ်းများငှားရမ်းနေရ

တိုကျို၊ဒီဇင်ဘာ ၂၉ ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် အလုပ်သမားရှားပါးမှုပြဿနာကိုဖြေရှင်းရန် နိုင်ငံခြားလုပ်သားများကို ငှားရမ်းခဲ့ရကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် အစိုးရစစ်တမ်းတစ်ရပ်ကို ကိုးကား၍ ကျိုဒိုသတင်းဌာနကဖော်ပြခဲ့သည်။ ယခင်တစ်ပတ်ကထုတ်ပြန်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ...
HomeInternationalလက်ဘနွန်တောင်ပိုင်းတွင် မြေပြင်စစ်ဆင်ရေး စတင်ကြောင်း...

လက်ဘနွန်တောင်ပိုင်းတွင် မြေပြင်စစ်ဆင်ရေး စတင်ကြောင်း အစ္စရေးစစ်တပ် ကြေညာ

လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသများတွင် မြေပြင်စစ်ဆင်ရေးကို အကန့်အသတ်ဖြင့် စတင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)က သတင်းထုတ်ပြန်ခဲ့သည်။

“IDF ဟာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်နဲ့အညီ၊ အတိအကျ ထောက်လှမ်းရေးသတင်းတွေအပေါ် အခြေခံပြီး လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေနဲ့ အခြေခံအဆောက်အဦတွေကို ကန့်သတ်၊ ဒေသအလိုက် မြေပြင်စီးနင်းမှုတွေကို လွန်ခဲ့တဲ့ နာရီအနည်းငယ်က စတင်ခဲ့ပါတယ်။ အစ္စရေးနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး အစ္စရေးမြောက်ပိုင်းရှိ အစ္စရေးအသိုက်အဝန်းကို ခြိမ်းခြောက်မှုတွေဖြစ်စေတာကြောင့်ပါပဲ” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာသေးမီလများအတွင်းက စစ်ဦးစီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ချမှတ်ထားသော နည်းစနစ်အတိုင်း IDF တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပြင်ဆင်ပေးခဲ့ရာ၊ ယင်းလေ့ကျင့်မှုများအတိုင်း ယခုအခါ တိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်းကိုလည်း IDF က အလေးပေး ပြောကြားခဲ့သည်။ “အစ္စရေးလေတပ်နှင့် IDF အမြောက်တပ်များသည် နယ်မြေအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိကျသောတိုက်ခိုက်မှုများဖြင့် မြေပြင်တပ်ဖွဲ့များကို ပံ့ပိုးကူညီနေကြသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီစစ်ဆင်ရေးတွေကို နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ အညီ ဆောင်ရွက်ခဲ့တာပါ။ “မြောက်ပိုင်းမြှား” စစ်ဆင်ရေးဟာ အခြေအနေ အကဲဖြတ်ချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသနဲ့ တခြားနေရာတွေမှာလဲ ရည်မှန်းချက်တွေ အောင်မြင်ဖို့ တိုက်ခိုက်ရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ စစ်ပွဲအတွင်း အစ္စရေးနိုင်ငံသားတွေကို ခုခံကာကွယ်ဖို့နဲ့ အစ္စရေးမြောက်ပိုင်းက နိုင်ငံသားတွေကို သူတို့နေရပ်ပြန်ပို့ဖို့ လိုအပ်တဲ့ အရာအားလုံးကို လုပ်ဆောင်နေပါတယ်” ဟု IDFက ဆိုသည်။

အစ္စရေးသည် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့ကို တိုက်ခိုက်သည့် “မြောက်ပိုင်းမြှား”စစ်ဆင်ရေးကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့ပြီး ၎င်း၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့ တိုက်ခိုက်မှုတစ်ခုတွင် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန် နာစရယ်လာ သေဆုံးခဲ့သည်။ သူ‌ေ-သဆုံးမှုကို ဟစ်ဇ်ဘိုလာတို့က အတည်ပြုခဲ့ပြီး အစ္စရေးနှင့် ဆက်လက်ထိပ်တိုက်တွေ့သွားမည်ဟု ကတိပြုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဘဏ်များမြန်မာနိုင်ငံလက်နက်ကိစ္စနှင့်မပတ်သက်

ဘန်ကောက်၊ဒီဇင်ဘာ ၃၀ ထိုင်းနိုင်ငံအတွင်းရှိဘဏ်အချို့သည် မြန်မာအစိုးရ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ကူညီပေးခဲ့သည့်ဟူသော ကုလသမဂ္ဂ၏ ပြောကြားမှုကို ထိုင်းအာဏာပိုင်များက ဘဏ်အထောက်အထားမတွေ့ရှိကြောင်းဆိုကာ ငြင်းပယ်ခဲ့သည်ဟုသိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လကထုတ်ပြန်ကြေငြာခဲ့သည့် ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာထွက်လာပြီးနောက် ထိုင်းဘဏ်နှင့်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးများက အချို့သောငွေလွှဲပြောင်းမှုများအား ပြန်လည်သုံးသပ်စစ်ဆေးရန် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများကို ညွှန်ကြားကာ ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ကို ချက်ချင်းဆိုသလိုပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။ “ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်အတိုင်း ငွေကြေးဆိုင်ရာအဖွဲ့အစည်းအချို့နဲ့ ငွေလွှဲပြောင်းမှုလုပ်တာမျိုးတွေလုပ်တာမျိုးတွေရှိခဲ့ပေမဲ့ အဲ့ဒီလွှဲပြောင်းမှုတွေက လက်နက်ဝယ်ယူမှုနှင့်ဆက်စပ်နေတဲ့အထောက်အထားမတွေ့ရပါဘူး” ဟုလည်းပြောကြားခဲ့သည်။ ကုလကထုတ်ပြန်ကြေငြာခဲ့သည့် အစီရင်ခံစာ၌ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံစစ်အစိုးရအတွက် လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ဘဏ်စနစ်ပံ့ပိုးပေးနေပြီး ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် လက်နက်နှင့်ဆက်စပ်ပစ္စည်းကုန်သွယ်မှုအတွက်...

အိန္ဒိယကဂျပန်ကိုကျော်ကာအာရှ၏တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာ

နူးဒေလီ၊ဒီဇင်ဘာ ၃၀ Lowy Institute က ထုတ်ပြန်သော Asia Power Index ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံကိုကျော်တက်ကာ အာရှတွင် တတိယအင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဆင့်သတ်မှတ်ချက်တွင် ယခုကဲ့သို့ ပြောင်းလဲတိုးတက်သွားခြင်းက ကမ္ဘာ့ဇာတ်ခုံ၌ အိန္ဒိယ၏ဩဇာလွှမ်းမိုးနိုင်မှုမြင့်လာပြီး ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် အရေးပါသော နိုင်ငံဖြစ်လာပြီး စူပါပါဝါနိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ဖို့အတွက်လည်း ခိုင်မာသည့်နေရာတစ်ခုကိုရရှိစေခဲ့သည်။ Asia Power Index သည် ဩစတြေးလျဉာဏ်ကြီးရှင်များအဖွဲ့ကထုတ်ပြန်ကြေငြာသည့် အာရှတစ်ဝန်းရှိနိုင်ငံများ၏ ပါဝါ၊ ဩဇာများကို တိုင်းတာအကဲဖြတ်သည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။ ယင်းသို့တိုင်းတာဆုံးဖြတ်ရာ၌ အဆိုပါနိုင်ငံ၏ စီးပွားရေးအရင်းအမြစ်များ၊စစ်ရေးစွမ်းရည်၊ သံတမန်ရေးအရဩဇာလွှမ်းမိုးမှု၊ယဉ်ကျေးမှုတိုးတက်မှု၊အနာဂတ်အရင်းအမြစ်များအပါအဝင် အခြားစံနှုန်းများအပေါ်မူတည်တိုင်းတာခြင်းလည်းဖြစ်သည်။ ယခုနှစ်တွင် အိန္ဒိယသည် ဂျပန်ကိုကျော်ကာ...

မြန်မာနိုင်ငံရှိ အဓိကတယ်လီကွန်းလိမ်လည်မှုဂိုဏ်းကိုတရုတ်ကတရားစွဲဆို

ဟန်ကျိုး၊ဒီဇင်ဘာ ၃၀ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တယ်လီကွန်းလိမ်လည်မှုဂိုဏ်းအဖွဲ့ဝင် ၃၉ ဦးကို တရုတ်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာလိမ်လည်မှု၊တယ်လီကွန်းလိမ်လည်မှုများဖြင့် တရုတ်နိုင်ငံက ယနေ့တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တရားစွဲဆိုခံရသူများထဲတွင် မောင်မြင်ရှောင့်ဖျင်နှင့်မသီရိမောင်တို့အပါအဝင် သံသယရှိသူများအား လိမ်လည်မှု၊ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရစေမှု၊ လူများကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားမှု၊ကာစီနိုဖွင့်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ပြည့်တန်ဆာလုပ်ငန်းအတွက် ဖျားယောင်းသွေးဆောင်မှုများဖြင့်စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယခုအမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှီကျန်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ဝမ်ကျိုးမြို့ရှိဒေသဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတရားခံများထဲတွင် မြန်မာနိုင်ငံသား ၁၆ ဦးလည်းပါဝင်သည်ဟုသိရသည်။ ထို့အပြင် ရာဇဝတ်ဂိုဏ်းများနှင့်ဆက်စပ်နေသည့် အခြား ထောင်ချီသောသံသယရှိများကိုလည်း ဝမ်ကျိုးအပါအဝင် တရုတ်နိုင်ငံတစ်ဝန်းရှိ အခြားနေရာများတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။ ယင်းသို့စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့နှင့်ဆက်စပ်နေသည့် တယ်လီကွန်းလိမ်လည်မှုပေါင်း ၁၀,၀၀၀ ကျော် ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါလိမ်လည်မှုများသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071