အသက်ဆုံးရှုံးခဲ့သူများ၏မိသားစုဝင်များကို နီပေါအစိုးရထောက်ပံ့ကြေးပေးမည်

0
5
An aerial view shows the area affected by monsoon flooding in Roshi village of Nepal's Kavre district on September 30, 2024. - Search and rescue teams in Nepal's capital picked through wrecked homes on September 30 after waters receded from monsoon floods that killed at least 209 people around the Himalayan republic. (Photo by PRABIN RANABHAT / AFP)

ခတ္တမန္ဒူ၊စက်တင်ဘာ ၃၀

နီပေါနိုင်ငံ၌ မုတ်သုန်ရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမြေပြိုခဲ့ပြီး ‌ေ-သဆုံးသူ ၂၀၅ ဦးအထိရှိလာကာ ‌ေ-သဆုံးသူများ၏မိသားစုဝင်များကို နီပေါအစိုးရက ရူပီး ၂၀၀,၀၀၀ (ကန်ဒေါ်လာ ၁,၄၉၇ ဒေါ်လာ) စီပေးအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ‌ေ-သဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အင်္ဂါနေ့မှစတင်ကာ သုံးရက်တိတိ ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအတွင်း နိုင်ငံတော်အလံကို တိုင်တစ်ဝက်အထိသာလွှင့်ထူမည်ဖြစ်ကြောင်း အစိုးရ၏ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးကပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ မိမိတို့၏ မိသားစုဝင်များ‌ေ-သဆုံးခြင်းရှိမရှိအတိအကျမသိရသေးသော်လည်း ဆယ်ရက်နှင့်အထက် ပျောက်ဆုံးနေသူမိသားစုဝင်များရှိပါကလည်း တူညီသည့်လျော်ကြေးငွေပမာဏရရှိမည်ဖြစ်ကြောင်း အစိုးရကပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ သဘာဝဘေးကယ်ဆယ်ရေးရန်ပုံငွေများအနက်မှ ရူပီး ၁ ဘီလျံ (ကန်ဒေါ်လာ ၇ ဒသမ ၄၈ သန်း) အား ခွဲဝေသုံးစွဲရန် အစိုးရအဖွဲ့ဝန်ကြီးများက သဘောတူညီဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

တနင်္လာနေ့ညနေအထိ နီပေါနိုင်ငံ၌ လူ ၂၄ ဦးပျောက်ဆုံးနေသေးကာ ၁၃၀ ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း နီပေါရဲတပ်ဖွဲ့ကထုတ်ပြန်ကြေငြာခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here