MNDAA အား တပ်မတော်က တန်ပြန် ထိုးစစ်ဆင်နေသဖြင့် မိုင်းရယ်နှင့် ဟိုယ ဒေသခံများ ‌ကြိုတင်တိမ်းရှောင်နေ

0
41

ရှမ်း/မြောက်အတွင်း အကြမ်းဖက်အဖြစ်ကြေညာထားသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)အခြေပြုရာ နေရာများကို တပ်မတော်ဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် မိုင်းရယ်နှင့် ဟိုယ ဒေသခံများ ကြိုတင်တိမ်းရှောင်မှုများ ရှိနေကြောင်း မိုင်းရယ်ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်းမှစတင်၍ တပ်မတော်မှ လေကြောင်း နှင့် မြေပြင် တန်ပြန်ထိုးစစ်များရှိလာကာ နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် ဒေသခံများကြိုတင်တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ကတော့ ကြိုရှောင်နေပြီပေါ့။ မိုင်းရယ်မှာက တိုက်ပွဲတွေ ဖြစ်လာနေတော့ ဒေသခံတွေ ကြိုရှောင်ကြတာပါ။ အခု ကျွန်တော်တောင် ကြိုရှောင်ထားတာ မိုင်းရယ်မှာမဟုတ်တော့ဘူး။ မြို့အခြေအနေကတော့ ဖုန်းလိုင်းတွေလည်း မရဆိုတော့ အဆက်အသွယ်ပြတ်နေတယ်။ မသိတော့ဘူး။”ဟုမြို့ကို စွန့်ခွာ၍ ကြိုတင်စစ်ရှောင်နေသည့် ဒေသခံတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် တပ်မတော်ဘက်မှ လားရှိုးမြို့တွင်းရှိ အကြမ်းဖက်အဖွဲ့များအခြေပြုသည့်နေရာများကို လေကြောင်းတိုက်ခိုက်မှုများရှိနေပြီး၊ စက်တင်ဘာ (၃ဝ) ရက်နေ့အထိ (၁၀)ကြိမ်ထက်မနည်း တိုက်ခိုက်လာပြီ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here