စင်္ကာပူနိုင်ငံချန်ဂီလေဆိပ်၌ Biometric လူဝင်မှုကြီးကြပ်ရေးစနစ်စတင်ကျင့်သုံး

0
27

စင်္ကာပူ၊အောက်တိုဘာ ၁

စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ Biometric လူဝင်မှုကြီးကြပ်ရေးစနစ် ကို စတင်ကျင့်သုံးနေပြီဖြစ်ကာ အဆိုပါစနစ်သည် နိုင်ငံတွင်းဝင်ရောက်လာသူခရီးသည်များအတွက် သက်သောင့်သက်သာဖြစ်စေပြီး ပြည်အဝင်အထွက်များကို ပိုမိုနီးကပ်စွာစောင့်ကြည့်နိုင်စေကြောင်းသိရသည်။

စင်္ကာပူနိုင်ငံသားများနှင့် စင်္ကာပူ၌ ကာလရှည်နေထိုင်သူများသည် ပက်စပို့စ်ကို ထုတ်ပြအစစ်ဆေးခံရမည့်အစား အလိုအလျောက်စစ်ဆေးသည့်စက်များတွင် ၎င်းတို့၏ မျက်နှာကို စကင်န်ဖတ်လုံရုံဖြင့် လူဝင်မှုကြီးကြပ်ရေးကို အလွယ်တကူဖြတ်ကျော်နိုင်မည်ဟုလည်းသိရသည်။

အဆိုပါအလိုအလျောက်စက်များမှ ဒေတာအချက်အလက်များသည် စင်္ကာပူနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနနှင့်စစ်ဆေးရေးအာဏာပိုင်များထိန်းသိမ်းထားသည့် မျက်နှာနှင့်မျက်လုံးဇီဝဗေဒဆိုင်ရာ ဒေတာဘေ့စ်အတိုင်း နှိုင်းယှဉ်ထားခြင်းဖြစ်သည်။

ယခုစတင်လိုက်သည့်စနစ်သစ် ကို ချန်ဂီလေဆိပ်၏ Terminal 3 ဆိုက်ရောက် လူဝင်မှုကြီးကြပ်ရေးဌာန၌ ဩဂုတ်လကတည်းက စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ခရီးသွားများစောင့်ဆိုင်းရချိန် ၄၀ ရာခိုင်နှုန်းလောက်အထိလျော့ကျစေကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

Biometric system လူဝင်မှုကြီးကြပ်ရေးစနစ်သည် ဝန်ထမ်းမလုံလောက်သည့် ကမ္ဘာတစ်ဝန်းမှ အခြားလေဆိပ်များအတွက်လည်း စံပြနမူနာတစ်ခုအဖြစ်ပြသနိုင်ခဲ့သည်ဟု စင်္ကာပူအာဏာပိုင်များကပြောကြားခဲ့သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here