ရှမ်းပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ ကျပ်သိန်းနှစ်သောင်းခန့်ရရှိထား

0
14

ယာဂီမုန်တိုင်း အရှိန်ကြောင့် နောက်ဆက်တွဲအနေဖြင့် ရေကြီးမြေပြိုမှုများဖြစ်ခဲ့ရသည့် ရှမ်းပြည်နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ အလှူရှင်များက လှူဒါန်းထားသည့် လှူဒါန်းငွေ ကျပ်သိန်း ၁၉၃၃၀ ရရှိထားကြောင်း သိရသည်။

ယင်းလှူဒါန်းငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများမှ လက်ခံလျက်ရှိရာ စက်တင်ဘာ (၃၀) ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြုလုပ်သည့်အလှူငွေပေးအပ်လှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်၍လက်ခံရယူခဲ့သည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာဒေသများ၌ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေထိုင် စားသောက်ရေး ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဂီ မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရကာ နိုင်ငံတစ်ဝန်း၌ ‌ေ-သဆုံးသူ (၄၃၃) ဦးနှင့် ပျောက်ဆုံးသူ (၇၉) ဦးရှိပြီး အဆောက်အအုံ (၅၆၀၀)ကျော် ပျက်စီးခဲ့ကြောင်း စက်တင်ဘာ နောက်ဆုံးပတ်တွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here