တောင်ငူတွင် ဆိုလာမှတဆင့် နေအိမ် မီးလောင်မှု ဖြစ်ပွားပြီး အမျိုးသား (၁)ဦး အသက်ဆုံးရှုံးကာ နေအိမ် (၂)လုံး မီးလောင်ပျက်စီး

0
36

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဇေယျာခင်ဦး (၂၁) ရပ်ကွက်၊ နတ်ရှင်နောင်လမ်းတွင် ဆိုလာမှတဆင့် နေအိမ် မီးလောင်မှု ဖြစ်ပွားရာ အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် (၂)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ အောက်တိုဘာ (၁)ရက်၊ ညနေ (၄)နာရီ၊ မိနစ်(၂၀) အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ တောင်ငူမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၇)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ၊ ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

နေအိမ်တွင် တပ်ဆင်ထားသည့် ဆိုလာမှ တဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ (၄)နာရီ၊ မိနစ်(၄၀) အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လေဖြတ်ဝေဒနာခံစားနေရသည့် အသက် (၄၀)ဝန်းကျင်အရွယ် အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် (၂)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကာ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here