ဟာရီကိန်းဝင်အပြီး မြောက်ကာရိုလိုင်းနား၌ ရှာဖွေ ကယ်ဆယ်မှုများ လုပ်ဆောင်

0
22

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း ဟယ်လင် ဝင်ရောက်ပြီးနောက် အပျက်အစီးပုံများကျန်ခဲ့ပြီး လမ်းများရေမြုပ်ခြင်း၊ အခြေခံဝန်ဆောင်မှုများ ပြတ်တောက်ခြင်းနှင့် လူရာနှင့်ချီကာ အဆက်အသွယ် ပြတ်တောက်နေသကဲ့သို့ ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း သိရသည်။

ကြီးမားသည့် ဟာရီကိန်းအမျိုးအစားဖြစ်သော အားပြင်း မုန်တိုင်းသည် ဖလော်ရီဒါ၏ Big Bend ဒေသကို ကြာသပတေးနေ့အနှောင်းပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဂျော်ဂျီယာနှင့် ကာရိုးလိုင်းနား ပြည်နယ်များတလျှောက် ဆက်လက်ဝင်ရောက်ခဲ့ကာ အပျက်အစီးကြီးမားစေခဲ့သည်။ မုန်တိုင်းကြောင့် ပြည်နယ် ဒါဇင်ဝက်ခန့်တွင် ‌ေ-သဆုံးသူ ၁၀၀ ကျော်ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

လူဦးရေ ၆၀၀ ခန့် ပျောက်ဆုံးလျက်ရှိနေသေးသည်ဟု အမေရိကန် အမိမြေလုံခြုံရေ; အကြံပေး လစ်ဇ် ရှားဝုဒ် ရန်ဒဲလ်က အိမ်ဖြူတော်တွင် ပြောဆိုခဲ့သည်။ လမ်းများရေမြုပ်နေခြင်းနှင့် ဆဲလ်ဖုန်းတာဝါတိုင်များ ပြိုကျခဲ့ခြင်းကြောင့် ပျက်စီးမှုကြီးမားသော လူနေဒေသများစွာ အဆက်အသွယ်ပြတ်တောက်နေခဲ့သည်။

အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးသမားများသည် ဘေးသင့်ဒေသများကို ပိုမိုရောက်ရှိလာနိုင်ခြင်း၊ အရေးပေါ် မိုဘိုင်းလ်ဆက်သွယ်ရေးများ လိုင်းတက်လာခြင်းတို့ကြောင့် ပျောက်ဆုံးနေသူအများစုကို ရှာတွေ့နိုင်သော်လည်း ‌ေ-သဆုံးသူဦး‌ေရသည် တိုးလာဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

မြောက်ကာရိုလိုင်းနားပြည်နယ်တခွင်တွင် လမ်းပေါင်း ၃၀၀ ခန့်ကို ပိတ်ထားရပြီး အမေရိကန်ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ၏ အထောက်အပံ့ရရေးအတွက် လူပေါင်း ၇,၀၀၀ ကျော် စာရင်းပေးသွင်းထားကြောင်းနှင့် အမျိုးသားအစောင့်တပ်က ကျေးလက်ဧရိယာများသို့ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် အစားအစာနှင့် သောက်ရေ တန်ချိန် ၁,၀၀၀ ကို ဖြန့်ဝေပေးခဲ့သည်ဟု တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဟယ်လင်သည် ကြာသပတေးနေ့ညပိုင်းတွင် ဖလော်ရီဒါ၏ ပင်လယ်ကွေ့ကမ်းရိုးတန်းကို အဆင့် ၄ ဟာရီကိန်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တောင်ပိုင်းတခွင်တွင် ရက်နှင့်ချီ၍ မိုးသည်းထန်မှုများဖြစ်ပေါ်ခဲ့ကာ ဆယ်စုနှစ်များစွာကြာ တည်ရှိလာခဲ့သည့် နေအိမ်များ ပျက်စီးခဲ့ရသည်။

အမေရိကန်အစိုးရ၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များသည် အကြီးစား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ချိတ်ဆက်ဆောင်ရွက်နေကြသည်။ Poweroutage US ၏ အဆိုအရ လူများစွာသည် ရေပေးဝေမှုစနစ်မရရှိဖြစ်နေခဲ့ပြီး အိမ်ထောင်စုနှင့် စီးပွားရေးလုပ်ငန်း ၁ ဒဿမ ၈ သန်းခန့် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေခဲ့သည်ဟု သိရသည်။

Ref: DH


LEAVE A REPLY

Please enter your comment!
Please enter your name here