ကမ္ဘောဒီးယား၌ ပထမကိုးလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုစံချိန်တင်မြင့်တက်

0
18

ဖနွမ်းပင်၊အောက်တိုဘာ ၁

ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ် ပထမကိုးလအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပမာဏနှင့် ဖမ်းမိသူ အရေအတွက် သိသိသာသာတိုးလာကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ADP) ၏ထုတ်ပြန်ချက်အရသိရသည်။

အာဏာပိုင်များသည် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် သံသယရှိသူ ၁၉,၆၅၅ ဦးကိုဖမ်းဆီးခဲ့ပြီး ယမန်နှစ်အလားတူကာလကဖမ်းဆီးခဲ့သည့် ၁၄,၇၂၂ ဦးထက် ၃၃ ဒသမ ၅ ရာခိုင်နှုန်းတိုးမြင့်လာကာ သံသယရှိသူ ၆၄၀ သည်နိုင်ငံခြားသားများဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။

၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း သံသယရှိသူများ၏ လက်ဝယ်မှ တရားမဝင်မူးယစ်ဆေးဝါး စုစုပေါင်း ၆ ဒသမ ၁ တန်ကို သိမ်းဆည်းရမိခဲ့ပြီး ယမန်နှစ် အလားတူကာလကဖမ်းမိခဲ့သည့် ၂ ဒသမ ၆၈ တန်ထက် ၁၂၇ ရာခိုင်နှုန်းအထိတိုးလာသည်ဟုလည်း အစီရင်ခံစာ၌ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအများစုမှာ ကက်တမင်း၊ခရစ်စတယ်မက်သာဖက်တမင်း၊မက်သာဖက်တမင်းစိတ်ကြွဆေးပြား၊ဘိန်းဖြူနှင့် ကိုကင်းများဖြစ်သည်ဟုဆိုသည်။

ဇွန်လတွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာတွင် တရားမဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် အစိုးရ၏ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဟွန်မာနက်ကပြောကြားခဲ့သည်။

ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့်လည်း နိုက်ကလပ်များနှင့် အခြားဖျော်ဖြေရေးနေရာများတွင် မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနှင့် သုံးစွဲမှုတိုက်ဖျက်ရန် အမိန့်ပေးခဲ့သည်။

ကမ္ဘောဒီးယား၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သက်၍ အပြစ်ရှိသူများကို ‌ေ-သဒဏ်ပေးလေ့မရှိပေ။သို့သော် ၎င်း၏ဥပဒေအရ မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ပိုသော ရောင်းဝယ်ဖောက်ကားမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက တစ်သက်တစ်ကျွန်းအထိထောင်ဒဏ်ချမှတ်နိုင်သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here