အောင်ပန်း-တောင်ကြီး သွားလမ်းပိုင်းတွင် ကားနှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်မှ ကလေးငယ် အ ပါဝင် (၃)ဦး ထိခိုက်ဒဏ်ရာရ

0
18

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-တောင်ကြီးသွားလမ်းပိုင်းတွင် ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တို့ မတော်တဆ တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်မှ ကလေးငယ် အပါဝင် မိသား စုဝင် (၃)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၁)ရက်၊ ညနေပိုင်းအချိန်ခန့်က အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အကျော်ကွေ့၌ ကားနှင့် ဆို င်ကယ်တိုက်မိပြီး ထိခိုက်ဒဏ်ရာရသူများရှိသည့်အတွက် လာရောက်ကူညီပေးပါရန် အကြောင်းကြားချက်အရ အသ င်းမှ ကူညီရန် သွားရောက်ခဲ့ကြောင်း သိရသည်။

“အောင်ပန်းမြို့ ဆိုင်းဘုတ်အကျော်ကွေ့မှာ ကားနဲ့ ဆိုင်က ယ် မတော်တဆ တိုက်မိတာပေါ့။ မိုးရွာထားတော့ လမ်းတွေကလည်း ချော်နေတာ။ ဒဏ်ရာရသူတွေက သာမိုင်းခမ်းရွာမှာ နေထိုင်သူတွေဖြစ်တယ်။ အမျိုးသားက အရိုးကျိုးတဲ့အ ထိ ဒဏ်ရာရလို့ စဝ်စံထွန်း ဆေးရုံကို ဆက်လက် ပို့ဆောင်ပေးခဲ့တယ်”ဟု အသင်းက ဆိုထားသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ဆိုင်ကယ်ပေါ်မှ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁)ဦးနှင့် ကလေးငယ် (၁)ဦးတို့ ထိခိုက်ဒ ဏ်ရာများ ရရှိထားသည့်အတွက် အောင်ပန်းဆေးရုံ အရေးပေါ်ဌာန သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အောင်ပန်းဆေးရုံအရေးပေါ်ဌာနမှ တာဝန်ကျ ဆရာဝန်/ဆ ရာမများမှ အရေးပေါ်ဆေးကုသမူပေးခဲ့ကြပြီး ထိခိုက်ဒဏ် ရာ အရိုးကျိုးလူနာ အမျိုးသားအား တောင်ကြီး စဝ်စံထွန်း ဆေးရုံသို့ ဆက်လက် ပို့ဆာင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here