ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အာရှပူးပေါင်းရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထွက်ခွာ

0
18

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာရှပူးပေါင်းရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ)၏ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ အောက်တိုဘာ (၁) ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့မှ ကာတာနိုင်ငံသို့ ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ လိုက်ပါသွားကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ်အေ အယ်လ်-ကူဝါရီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here