စက်တင်ဘာလတွင် တောင်ကိုရီးယားသို့ EPS လုပ်သား စေလွှတ်နိုင်ခြင်းမရှိ

0
9

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တောင်ကိုရီးယားသို့လုပ် သားစေလွှတ်နိုင်ခြင်းမရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၄ ခုနှစ်၏ ဇန်နဝါရီလမှ ဩဂုတ်လ အထိ တောင်ကိုရီးယားသို့ EPS လုပ်သား (၃၇၃၄) ဦးစေလွှတ်ခဲ့ပြီးဖြစ်ကာ ဇန်နဝါရီလတွင် (၃၀၃) ဦး၊ ဖေဖော်ဝါရီလတွင် (၁၃၃၃)ဦး၊ မတ်လတွင် (၈၆၂) ဦး၊ ဧပြီလတွင် (၁၉၃) ဦး၊ မေလတွင် (၃၂၂) ဦး၊ ဇွန်လတွင် (၁၈၈) ဦး၊ ဇူလိုင်လတွင် (၁၅၂)ဦး၊ ဩဂုတ်လတွင် (၁၅၃) ဦး စေလွှတ်ထားကြောင်း သိရသည်။

ထို့ပြင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်မှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် (၁၁၀၀၀) ခန့် စေလွှတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်ထားမှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here