တိုင်ဖွန်းမုန်တိုင်း KRATHON မှာ ထိုင်ဝမ်ကျွန်းသို့ ဝင်ရောက်ပြီး အားပျော့သွားနိုင်သောကြောင့် တိုင်းနှင့် ပြည်နယ်များတွင် မိုးရွာသွန်းမှု တဖြည်းဖြည်း လျော့နည်းသွားမည်

0
31

တိုင်ဖွန်းမုန်တိုင်း KRATHON မှာ ထိုင်ဝမ်ကျွန်းသို့ အောက်တိုဘာ (၂) ရက် ညနေပိုင်းက စတင်ဝင်ရောက်မည် ဖြစ်ပြီး ထိုင်ဝမ်ကျွန်းသို့ ဝင်ရောက်ပြီးလျှင် ၎င်းနေရာ အနီးတဝိုက်တွင်သာ
အားပျော့သွားနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အောက်တိုဘာ (၂) ရက် နံနက်အစောပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

ထို့ကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်၊ တောင်တရုတ်ပင်လယ်များတွင် လေဖိအားနည်း ရပ်ဝန်း/ မုန်တိုင်းဖြစ်လာနိုင်ချေမရှိတော့လျှင် မိုးနှောင်းကာလအဆုံး အောက်တိုဘာ (၇) ရက်ခန့်က စတင်၍ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်သာ နေရာကျဲကျဲ မိုးများနိုင်သည့် အခြေအနေသာ ရှိတော့မည်ဟု ၎င်းက ရေးသားထားသည်။

ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း မိုးရွာသွန်းမှု တဖြည်းဖြည်း လျော့နည်သွားပြီး သီတင်းကျွတ်ပွဲတော် ကာလအတွင်း ခြောက်ခြောက်သွေ့သွေ့နှင့် ဆင်နွှဲနိုင်ကာ မိုးလွန်ကာလအတွင်းမှာလည်း အခါလွန်မိုး/ ဖျက်မိုး ရွာနိုင်မည့် အခြေနေမှ လွတ်ကင်းသွားမည်ဟု ၎င်းက ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here