တရုတ်နိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့် ဥရောပခေါင်းဆောင်များ ဂုဏ်ပြု

0
11

ပေကျင်း၊အောက်တိုဘာ ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့၌ တရုတ်သမ္မတရှီထံသို့ ဥရောပနိုင်ငံများ၏ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်ဟုသိရသည်။

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဝူချီချီက တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်လာမှုတွင် စံနမူနာထားရသည့်နိုင်ငံတစ်ခုဖြစ်ပြီး သမ္မတရှီချမှတ်ထားသော ကမ္ဘာလုံးဆိုင်ရာအစီအမံများကိုလည်း မြှင့်တင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆားဘီးယားအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်အောင် မြှင့်တင်လိုသည့်ဆန္ဒရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဟန်ဂေရီသမ္မတကမူ တရုတ်သည် နိုင်ငံတကာဇာတ်ခုံ၌ အရေးပါသောအင်အားစုဖြစ်လာပြီး ဟန်ဂေရီကတရုတ်၏မိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်ရန်ဆန္ဒရှိကာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်လိုသည်ဟုလည်းဆိုခဲ့သည်။

တစ်ဖန်ဂျာမနီသမ္မတကလည်း တရုတ်သည် ရာသီဥတုပြောင်းလဲမှုအပါအဝင် ကမ္ဘာ့စိန်ခေါ်မှုများကို တက်ကြွစွာတုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး ဂျာမနီနှင့်တရုတ်ဆက်ဆံရေးကို ပိုမိုဆက်လက်ခိုင်မာစေပြီး တိုးမြှင့်ရန်လိုအပ်သည်ဟုလည်းသိရသည်။

အီတလီသမ္မတကလည်း နှစ်နိုင်ငံအကြားတင်းမာမှုများကိုလျှော့ချပြီး နိုင်ငံတကာအသိုင်းအဝိုင်းများ၏ ပဋိပက္ခများကိုကျော်လွှားရန်အတွက် လေးနက်ပြီးလက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ရန်ဆန္ဒရှိကြောင်းလည်းဆိုခဲ့သည်။

ဆွစ်ဇာလန်မှ Swiss Confederation ဥက္ကဌကမူ ဆွစ်ဇာလန် – တရုတ်ကြားရှိ ဆန်းသစ်သောမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို တည်တည်ငြိမ်ငြိမ်ဖြင့် နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အခိုင်အမာယုံကြည်သည်ဟုလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here