အရှေ့အလယ်ပိုင်း ပဋိပက္ခကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် ပြုလုပ်နေမှု ဂူတားရက်စ် ရှုတ်ချ

0
21

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခများကို အရှိန်မြင့်သည်ထက် မြင့်ကာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာစရေန် ပြုလုပ်နေခြင်းများအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ရှုတ်ချလိုက်သည်။

“အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကို အရှိန်မြှင့်ပြီးရင်း မြှင့်ပြီး ပဋိပက္ခတွေ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေတာကို ကျွန်တော် ရှုတ်ချပါတယ်။ ရပ်ကြပါ။ အပစ်အခတ်ရပ်စဲရေးကို ကျုပ်တို့ ချွင်းချက်မရှိ လိုအပ်နေပါတယ်”ဟု ဂူတားရက်စ်၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းမှစတင်၍ အီရန်နိုင်ငံက ဒုံးကျည် ၅၀၀ နီးပါး ခန့်ဖြင့် အစ္စရေးနိုင်ငံအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံက ကနဦးသတင်းထုတ်ပြန်ခဲ့ကာ နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ပြည်သူများအား အမိုးအကာများတွင် ခိုလှုရန် အမိန့်ပေးခဲ့သည်။ နောက်ဆုံးရရှိသော အချက်အလက်များအရ အီရန်တိုသည် ဒုံးကျည် ၁၈၀ ခန့်ကို အစ္စရေးဘက်သို ပစ်လွှတ်ခဲ့သော်လည်း အများစုမှာ ကြားဖြတ်ပစ်ချခြင်း ခံခဲ့ရသည်ဟု အစ္စရေးက ဆိုသည်။

ထို့အပြင် အီရန်နိုင်ငံက အစ္စရေးနိုင်ငံအားဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် ကြီးမားသော အမှားကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်းနှင့် အီရန်အနေဖြင့် ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတိပေးပြောကြားလိုက်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here