ကျောက်ဆည်တွင် ကားတစ်စီး တောင်ကျရေနှင့် မျောပါသွားမှု ဖြစ်ပွား

0
23

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တောင်ကျရေထဲ ယာဉ်တစ်စီးနှင့် ယာဉ်မောင်းတို့ ရေစီးနှင့် မျောပါသွားခဲ့ရာ ယနေ့ အောက်တိုဘာ (၂) ရက် နံနက်ပိုင်းတွင် ကားကို ပြန်လည် တွေ့ရှိပြီး ကြိုးစားဆယ်ယူနေကြဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး)မှ ကနဦး သတင်းများအရ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၁)ရက် ညပိုင်းက ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံ အနီးရှိ တောင်ကျချောင်း တစ်ခု၌ မော်တော်ယာဉ်ဖြတ်သန်းချိန် တောင်ကျရေအရှိန်ကြော င့် Pro box အမျိုးအစား ယာဉ်တစ်စီးနှင့်အတူ ယာဉ်မောင်း မျောပါသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ကျောက်ဆည်မြို့နယ်ရုံး)မှ ထူးခြားဖြစ်စဉ်အဖြစ် သတင်းပေးပို့လာသဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ
အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ပူးပေါင်းကူညီရှာဖွေခဲ့ကြောင်း သိရသည်။

“မနေ့ညပိုင်းက ကျောက်ဆည် ဆင်မင်းရေကျော်မှာ တောင်ကျရေထဲပါသွားတဲ့ ကားနဲ့လူ
တစ်ညလုံး ရှာနေတာ မတွေ့ဘူး။ အခု မနက်ပိုင်းမှာ ကားကိုတော့ ပြန်တွေ့ပြီ။ ဆယ်ဖို့အတွက် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ဆိုထားသည်။

ထိုသို့ ရှာဖွေရာ အောက်တိုဘာ (၂)ရက် နံနက်အစောပိုင်း(၂) နာရီ၊ (၄၅)မိနစ်အချိန်ထိ ယာဉ်အား မတွေ့ရှိသေးကြောင်းနှင့် အောက်တိုဘာ (၂)ရက် နံနက်ပိုင်းတွင် ဆက်လက်ရှာဖွေခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ကားကို ပြန်လည်တွေ့ရှိထားပြီ ဆယ်ယူရရှိနိုင်ရန် ကြိုးစားနေကြဆဲဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here