ချင်းတွင်းမြစ်ကူး(ထမံသီ) တံတားကြီး တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး၏ (၆၆) ရာခိုင်နှုန်းပြီးစီး

0
30

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်လျက်ရှိသည့် ချင်းတွင်းမြစ်ကူး(ထမံသီ) တံတား တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး၏ (၆၆) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်နေမှုတို့ အား စက်တင်ဘာ (၃၀)ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားမှာ ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့် တံတားကြီးတစ်စင်းဖြစ်ကြောင်း ကြည့်ရှုစစ်ဆေးစဉ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က ပြောသည်။

ထို့ပြင် ဒေသ၏ ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာသယ်ယူပိုဆောင်နိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိုပါ ဖွံဖြိုးတိုးတက်စေမည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား သက်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သက်မှတ်စံချိန်စံညွှန်းများနှင့် အညီအရည်အသွေးကောင်းမွန်အောင် တည်ဆောက်သွားရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။

ထို့နောက် ဘဏ္ဍာနှစ်အလိုက်ရရှိသည့် ရန်ပုံငွေများကိုလည်း စနစ်တကျသုံးစွဲသွားကြရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း သတိပြုဆောင်ရွက်စေလိုကြောင်း အသေးစိတ်မှာကြားပြီး တည်ဆောက်လုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြိုနယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို-ပန်ဆပ်-ဆွမ္မရာမြိုလမ်းပေါ်တွင် ချင်း တွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်က ရစ်တံတားအမျိုးအစားဖြစ်သည်။

၎င်းတံတား အရှည် (၈၀၁) မီတာ၊ အကျယ် (၉.၄) မီတာ၊ တံတားအခန်းပေါင်း (၁၅) ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် (၄၀) ပေ (HFL) ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး၏ (၆၆) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွ င်းမြစ်ကူး(ထမံသီ) တံတားကြီး တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here