“အာရှနေတိုး” ဖွဲ့စည်းလိုသည့် ဂျပန်ဝန်ကြီးချုပ်၏အမြင်အား အိန္ဒိယကန့်ကွက်

0
52
Indian Foreign Minister Subrahmanyam Jaishankar speaks at the Global Coalition to Address Synthetic Drug Threats, in New York on September 24, 2024. (Photo by ANDREW CABALLERO-REYNOLDS / AFP)

နူးဒေလီ၊အောက်တိုဘာ ၂

ဂျပန်ဝန်ကြီးချုပ်သစ် ရှီဂဲယုအိရှိဘ ၏ တောင်းဆိုမှုဖြစ်သည့် အာရှ၌ “အာရှနေတိုး” ဖွဲ့စည်းရေးအပေါ် အိန္ဒိယသည်ဂျပန်နိုင်ငံနှင့်အမြင်မတူညီကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျေးရှန်ကာကပြောကြားခဲ့သည်။

ဂျပန်နှင့်မတူညီဘဲ အိန္ဒိယသည် စာချုပ်သဘောအရ နိုင်ငံတစ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံအဖြစ်ခံမည်မဟုတ်ကြောင်းလည်း ဝါရှင်တန်၌ပြုလုပ်သည့် အခမ်းအနားတွင် မစ္စတာဂျေးရှန်ကာကပြောကြားခဲ့သည်။

အမေရိက၊ဩစတြေးလျတို့နှင့်အတူ ဂျပန်နှင့်အိန္ဒိယတို့သည် Quad အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော်လည်း ယခုကိစ္စတွင် အမြင်မတူဘဲ အိန္ဒိယနှင့်ဂျပန်တို့သည် ကွဲပြားသောသမိုင်းကြောင်းများရှိခဲ့သလို မတူညီသည့်ချဉ်းကပ်ပုံရှိကြသဖြင့် မဖြစ်နိုင်ကြောင်း မစ္စတာဂျေးရှန်ကာကပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သစ် ကမူ ဒုတိယကမ္ဘာစစ်ကတည်းက ဂျပန်နိုင်ငံကြုံတွေ့ခဲ့ရသည့် ဆိုးရွားသည့်ခြိမ်းခြောက်မှုများကိုတန်ပြန်ရန် ရင်းနှီးသည့်နိုင်ငံများနှင့် ပိုမိုမြင့်မားသည့်ဆက်ဆံရေးကို အကောင်အထည်ဖော်သွားမည်ဟုလည်းဆိုခဲ့သည်။

ဆက်လက်၍ မစ္စတာအိရှိဘက ၎င်း၏အိမ်နီးချင်း တရုတ်၊မြောက်ကိုရီးယားနှင့်ရုရှားတို့သည် နျူကိုင်ဆောင်ထားသူများဖြစ်သဖြင့် ၎င်းတို့၏ရန်မှကာကွယ်ရန် အာရှနေတိုးအဖွဲ့ဖွဲ့စည်းလိုကြောင်း၊အမေရိကထဲ၌ ဂျပန်တပ်များချထားခွင့်ပြုရေးနှင့် လိုအပ်ပါက ဝါရှင်တန်၏နျူလက်နက်ကိုမျှဝေထိန်းချုပ်ခွင့်ပေးရန်အထိပါတောင်းဆိုခဲ့သည်။

ယခုအပြောင်းအလဲများသည် အာရှ၌ တရုတ်၏စစ်အင်အားသုံးခြင်းကိုဟန့်တားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုထားသော်လည်း အမေရိက က အဆိုပါအကြံဉာဏ်ကိုပယ်ချထားသည်ဟုသိရသည်။

နိုင်ငံတော်လုံခြုံရေးအကြံပေးကမူ ဝါရှင်တန်အနေဖြင့် အင်ဒို – ပစိဖိတ်ဒေသ၌ နေတိုးအဖွဲ့ဖွဲ့စည်းရန်ကြံနေခြင်းမဟုတ်ကြောင်းပြောကြားခဲ့ပြီး အမေရိက၏ အရှေ့အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကမူ ယင်းသို့သောကိစ္စများကိုဆွေးနွေးရန်မှာ ယခုအချိန်ကစောလွန်းသေးသည်ဟုပြောကြားခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here