တစ်နှစ် နီးပါးကြာသည်အထိ လာမထုတ်သည့် သိန်း (၅၀၀၀) ဆုအပါအဝင် ထီပေါက်မဲ တစ်သောင်းကျော်ကို ယခုလကုန်အထိ လာမထုတ်ပါက အခွန်ဘဏ္ဍာအဖြစ်သိမ်းမည်

0
22

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့သည့် (၅၆) ကြိမ်မြောက်ထီဖွင့်ပွဲမှ ထီဆုပေါင်း တစ်သောင်းကျော် ယနေ့ချိန်ထိ ထုတ်ယူရန် ကျန်ရှိနေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲမှ အသိပေးကြေညာထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၅၆) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲ၌ ဆုမဲပေါင်း တစ်သိန်းကျော်ခွဲဝေချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းတွင် ဆုမဲပေါင်းအရေအတွက် ၁၃၆၅၅ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်းနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၁) ရက်အထိ ရန်ကုန်နှင့်မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွင် လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသည့် ဆုမဲများမှာ ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ (၇)ဆု၊ ကျပ် ၁၀ သိန်း (၃)ဆု စသည့် ဆုလက်မှတ်များပါဝင်းကြောင်း ကြေညာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here