တောင်ကျရေနှင့် မျောပါသွားသည့် အမှတ်(၂) ဘိလပ်‌မြေစက်ရုံမှူး၏ အလေ=ာင်းနှင့် ယာဉ်ကို ပြန်လည် ဆယ်ယူရရှိ

0
51

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အောက်တိုဘာ (၁)ရက် ညပိုင်းကဖြစ်ပွားခဲ့သည့် တောင်ကျရေနှင့် ယာဉ်တစ်စီး မျောပါသွားသည့် ဖြစ်စဉ်မှ ယာဉ်နှင့်အတူပါသွားသည့် အမှတ် (၂) ဘိလပ်မြေစက်ရုံမှူး၏ ရုပ်အလော=င်းနှင့် ယာဉ်ကို ဆယ်ယူရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး)မှ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၁)ရက် ညပိုင်းက ကျောက်ဆည်မြို့နယ်ရှိ၊ အမှတ်(၂) ဘိလပ်မြေစက်ရုံ အနီးရှိ တောင်ကျ ချောင်း တစ်ခု၌ မော်တော်ယာဉ်ဖြတ်သန်းချိန် တောင်ကျရေအရှိန်ကြောင့် Probox အမျိုးအစား ယာဉ်နှင့်အတူ ယာဉ်မောင်းတို့ မျောပါသွားခဲ့ကြောင်း သိရသည်။

“ကားကိုလည်း ဆယ်ယူနိုင်ခဲ့ပြီ။ ယာဉ်မောင်းကိုတော့ ေ- သဆုံးလျက် ရုပ်အလေ=ာင်းကို ပြန်တွေ့ခဲ့ပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ဆိုသည်။

အခင်းဖြစ် နေရာတွင် နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး)နှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ စက်ရုံဝန်ထမ်းများက သွားရောက်ပူးပေါင်းကူညီရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ အောက်တိုဘာ (၂)ရက် နံနက်ပိုင်းတွင်ယာဉ် နှင့် ယာဉ်မောင်း ရုပ်အလေ-ာင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ယာဉ်မောင်းမှာ ဘိလပ်မြေစက်ရုံ(၂)မှ စက်ရုံမှူးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here