ကျောင်းကားမီးလောင်မှုအတွက် ယာဉ်မောင်းကိုဖမ်းဆီးထိန်းသိမ်း

0
41
A relative (2nd R) of a student who died in a bus fire covers the eyes of a young relative who was travelling on a separate bus on the same school trip as they walk past the burnt bus wreckage on the outskirts of Bangkok on October 1, 2024. - A devastating fire tore through a Thai bus carrying 44 students and teachers on a school trip on October 1, officials said, with up to 25 feared dead. (Photo by Manan VATSYAYANA / AFP)

ဘန်ကောက်၊အောက်တိုဘာ ၂

ထိုင်းနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် ကျောင်းကားမီးလောင်မှုတွင်ယာဉ်မောင်းအား ထိုင်းအာဏာပိုင်များ ဖမ်းဆီးထိန်းသိမ်းထားပြီး ‌ေ-သဆုံးသူများကိုအတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါဘက်စ်ကားသည် ဥထိုင်းဌာနီမှ မူလတန်းကျောင်းသားကျောင်းသူ ၃၉ ဦးနှင့်ဆရာ၊ဆရာမ ၆ ဦးကိုတင်ဆောင်ကာ ဘန်ကောက်ရှိ အယုဒ္ဓယနှင့် နွန်ဌာဘူရီသို့ လေ့လာရေးခရီးထွက်လာကြခြင်းဖြစ်သည်ဟုလည်းသိရသည်။

မီးစတင်လောင်ကျွမ်းမှုအရှိန်သည် အလွန်မြန်လွန်းသဖြင့် ကလေ-းများနှင့်ဆရာ၊ဆရာမများ ထွက်ပြေးရှောင်တိမ်းချိန်မရလိုက်ခြင်းဖြစ်သည်ဟုလည်းသိရသည်။ မှုခင်းဆရာဝန်တစ်ဦးကမူ ဘက်စ်ကားပေါ်မှ ရုပ်အလေ-ာင်း ၂၃ ခုကို ရှာဖွေတွေ့ရှိထားသည်ဟုပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းအား မဆင်မခြင်မောင်းနှင်မှုကြောင့် လူ‌ေ-သဆုံးစေမှုနှင့်ဒဏ်ရာရရှိစေမှု၊အခြားသူများကိုအကူအညီတောင်းရန်ပျက်ကွက်မှု၊ယာဉ်မတော်တဆမှုကို သတင်းပို့ရန်ပျက်ကွက်မှုများဖြင့် စွဲချက်တင်ဖမ်းဆီးထားခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်း ပီဘီအက်စ်သတင်းဌာနနှင့်အင်တာဗျူးတစ်ခု၌ ဘက်စ်ကားကုမ္ပဏီက ၎င်းတို့အနေဖြင့် ကားကြံ့ခိုင်ရေးအတွက်လိုအပ်သည်များကို အမြဲစစ်ဆေးလည်း ယခုလိုဖြစ်သွားရသည့်အပေါ်စိတ်မကောင်းပါကြောင်းနှင့် ‌ေ-သဆုံးသူများ၏မိသားစုဝင်များကို လျော်ကြေးငွေပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ကျောင်းသားသုံးယောက်ကိုဆေးရုံတင်ထားရပြီး နှစ်ဦးမှာစိုးရိမ်ရကြောင်းသိရသည်။ မျက်နှာတစ်ပြင်လုံးမီးလောင်ကျွမ်းဒဏ်ရာများရရှိခဲ့သည့် အသက် ၇ နှစ်အရွယ်ကလေ-းငယ်ကိုမူ မီးလောင်ကျွမ်းမှုကြောင့်အမြင်အာရုံဆုံးရှုံးလုနီးအခြေအနေမှ အကောင်းဆုံးပြန်လည်ကုသပေးရန်ကြိုးပမ်းလျက်ရှိသည်ဟုလည်းခွဲစိတ်ဆရာဝန်များကပြောကြားခဲ့သည်။

Source : အေပီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here