ဂျပန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည့် ရှီဂဲရုအိရှိဘအား တရုတ်သမ္မတဂုဏ်ပြု

0
32

ပေကျင်း၊အောက်တိုဘာ ၂

တရုတ်သမ္မတရှီသည် ဂျပန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမှုအတွက် မစ္စတာ ရှီဂဲရုအိရှိဘအား အင်္ဂါနေ့က ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်းသိရသည်။တရုတ်နှင့်ဂျပန်တို့သည် ကမ်း မြောင် လေးသာပိုင်းခြားထားသည့် အိမ်နီးချင်းများဖြစ်ကြောင်းလည်း ရှီကမှတ်ချက်ပြုခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ထာဝရချစ်ကြည်ရေး၊နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးလမ်းပေါ်တွင် လျှောက်လှမ်းနိုင်ကာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ရန်မျှော်လင့်သည်ဟုလည်းဆိုခဲ့သည်။

နှစ်နိုင်ငံအကြား ချမှတ်ထားသည့် အခြေခံမူများနှင့် သဘောတူညီမှုများကိုလိုက်နာကာ အပြန်အလှန်အကျိုးရှိစေမည့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို မြှင့်တင်တည်ဆောက်ရန်ကြိုးပမ်းရာတွင်လည်း ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်မျှော်လင့်ပြီး၊ ခေတ်သစ်၏လိုအပ်ချက်များနှင့် ကိုက်ညီသော အပြုသဘောဆောင်သည့် တည်ငြိမ်သော တရုတ်-ဂျပန် ဆက်ဆံရေးကိုဖော်ဆောင်လိုသည်ဟုလည်းဆိုခဲ့သည်။

ထိုနေ့မှာပင် တရုတ်ဝန်ကြီးချုပ် လီချင်ကလည်း မစ္စတာအိရှိဘအား ဂုဏ်ပြုလွှာပေးပို့ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း လီကပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here