မူဆယ်မြို့တွင် သန်းခေါင်စာရင်း စတင်ကောက်ယူ

0
22

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် မူဆယ်မြို့တွင် ယမန်နေ့ အောက်တိုဘာ (၁)ရက်မှစတင်၍ သန်းခေါင်စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သန်းခေါင်းစာရင်းကောက်ယူမှုအား ရက်အလိုက် သတ်မှတ်ရပ်ကွက်များအတွင်း ကောက်ယူလျှက်ရှိပြီး လုံခြုံရေးများတိုးမြှင့်ချထားကြောင်း သိရသည်။

” ဆရာ ဆရာမတွေကလည်းပါတယ်။ လူံခြုံရေးပူးပေါင်းအဖွဲ့တွေလည်းပါတယ်။ အားလုံးအေးဆေးပါပဲဗျ။ ထူးခြားတာမရှိပါဘူး။”ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူမှုအတွက် အောက်တိုဘာ (၁၅) ရက်အထိ နောက်ဆုံးထားကောက်ခံမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများဦးဆောင်၍ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်း/မြောက်ရှိ တန့်ယန့်မြို့အပါအဝင် အခြားသော မြို့များတွင်လည်း သန်းခေါင်စာရင်း ‌ကောက်ယူမှုကို ယမန်နေ့ အောက်တိုဘာ(၁)ရက်မှစတင်၍ တပြိုင်တည်း ကောက်ယူလျှက်ရှိသည်ဟု အဆိုပါ ဒေသခံကပင် ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here