အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား၌ ပဲခူးတိုင်းမှ အသက် (၁၁၇) နှစ်အရွယ်အဘိုးနှင့် အသက် (၁၁၈) နှစ်အရွယ် အဖွားတို့အား ထောက်ပံ့ငွေကျပ်(၃)သိန်းစီ ပေးအပ်

0
22

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား၌ တိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံးဖြစ်သည့် မိုးညိုမြို့နယ်မှ အသက် (၁၁၇)နှစ်အရွယ် အဘိုး ဦးတင်ဟန်နှင့် ပြည်မြို့နယ်၊ ဗြူးကုန်းကျေးရွာမှ အသက် (၁၁၈)နှစ် အရွယ် အဖွားဒေါ်ခင်ညွှန့်တို့အား ထောက်ပံ့ငွေကျပ်(၃)သိန်းစီ ကန်တော့ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာ (၁)ရက်က ပဲခူးတိုင်းဒေသကြီးရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေသိန်းနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပြီး ပေးအပ်ကန်တော့ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားကာ တက်ရောက်လာသည့် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ အသက် (၈၅)နှစ်အထက် ဘိုးဘွား (၆၀)ဦးအား လှူဖွယ်ပစ္စည်းများပေးအပ်ပြီး တစ်ပါတည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here