အစ္စရေးကို တိုက်ခိုက်ပြီးပြီဟု အီရန် ပြောသော်လည်း အစ္စရေးနှင့် အမေရိက,က လက်တုန့်ပြန်မည်ဟု ကတိပြု

0
40
Smoke billows at the site of an overnight Israeli airstrike in Beirut's southern suburb of Hadath area on October 2, 2024. - At least five Israeli strikes hit Beirut's southern suburbs early October 2, a Lebanese security source said, as the Israeli military said it was targeting Hezbollah sites and issued several evacuation orders. (Photo by AFP)

အစ္စရေးအပေါ် ၎င်း၏ ဒုံးကျည်တိုက်ခိုက်မှုသည် ပြီးပြီ ဟု အီရန်က ဗုဒ္ဓဟူးနေ့(အောက်တိုဘာ ၂) တွင် ပြောဆိုကာ ရန်လိုမှုများ ထပ်ပေါ်ပေါက်မလာစေရန် ထိန်းကွပ်လိုက်သော်လည်း တေရန်၏ ပဋိပက္ခကို အရှိန်မြှင့်ခဲ့မှုအတွက် လက်တုန့်ပြန်သွားမည်ဟု အစ္စရေးနှင့် အမေရိကတို့က ကတိပြုခဲ့သောကြောင့် စစ်ပွဲကျယ်ပြန့်မည့်အရေး စိုးရိမ်စရာဖြစ်လာသည်။

အင်္ဂါနေ့က ဒုံးကျည်တိုက်ခိုက်မှုအတွက် အီရန်အပေါ် ပြင်းထန်သော အကျိုးဆက်ရင်ဆိုင်ရစေရေး ကာလကြာရှည် မဟာမိတ် အစ္စရေးနှင့်လက်တွဲ ဆောင်ရွက်သွားမည်ဟု ဝါရှင်တန်က ပြောဆိုသည်။

အရှေ့အလယ်ပိုင်းအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့တွင် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ဥရောပ သမဂ္ဂက ချက်ချင်း အပစ်အခတ်ရပ်စဲရန် တိုက်တွန်းခဲ့သည်။

“အစ္စရေး အုပ်ချုပ်ရေးပိုင်းက နောက်ထပ် လက်တုန့်ပြန်မှုတွေအတွက် မဖိတ်ခေါ်သရွေ့တော့ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်က အပြီးသတ်ပါပြီ၊ အဲဒီအခြေအနေမျိုးရောက်ရင်တော့ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုက ပိုပြင်းထန်ပြီး အားကောင်းပါလိမ့်မယ်” ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် X ပေါ် ပို့စ်တင်၍ ပြောဆိုသွားသည်။

အီရန်သည် သမိုင်းတလျှောက် အစ္စရေးအပေါ် အကြီးဆုံး စစ်ရေးထိုးနှက်မှုအဖြစ် အင်္ဂါနေ့က ပဲ့ထိန်းဒုံးကျည် ၁၈၀ ကျော်ဖြင့် ပစ်ခတ်ခဲ့သည်ဟု အစ္စရေးက ပြောဆိုသည်။ နိုင်ငံတစ်ဝန်း အချက်ပေးဥသြသံများ ညံခဲ့ကာ ဂျေရူဆလင်နှင့် ဂျော်ဒန်မြစ်တောင်ကြားတွင် ပေါက်ကွဲမှုများဖြင့် တုန်ခါခဲ့ပြီး ဗုံးဒဏ်ခံအဆောက်အဦများအတွင်း ပုန်းခိုကြရန် ပြည်သူအားလုံးကို တိုက်တွန်းခဲ့ရသည်။

ယင်းတိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် အမျိုးသားတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု ဒေသအာဏာပိုင်များက ပြောဆိုသည်။

အီရန်က အဆိုပါ စစ်ဆင်ရေးသည် ကာကွယ်ရေးအတွက်ဖြစ်ကာ အစ္စရေး၏ စစ်ဘက်အဆောက်အအုံများကိုသာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ အစ္စရေး စစ်စခန်းသုံးခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။

၎င်း၏ တိုက်ခိုက်မှုသည် အစ္စရေးက စစ်သွေးကြွ ခေါင်းဆောင်များကို သ–တ်ဖြ–တ်ခဲ့ခြင်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အုပ်စု ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ဂါဇာကို တိုက်ခိုက်နေခြင်းများအပေါ် တုန့်ပြန်ခဲ့ခြင်းဖြစ်သည်ဟု တေရန်က ပြောဆိုခဲ့သည်။

Ref: NDTV


LEAVE A REPLY

Please enter your comment!
Please enter your name here