ဘရာဇီး သမ္မတ လေယာဉ် ဆင်းမရ၍ လေထဲဝဲ‌နေခဲ့ရ

0
35
Brazil's President Luiz Inácio Lula da Silva speaks during a press conference on the sidelines of the 79th United Nations General Assembly at UN headquarters in New York on September 25, 2024. (Photo by ANGELA WEISS / AFP)

ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးဗား လိုက်ပါခဲ့သော လေယာဉ်သည် နည်းပညာ ပြဿနာကြောင့် နာရီနှင့်ချီ၍ ကောင်းကင်၌ ဝဲကာ လှည့်ပတ်ပျံသန်းနေခဲ့ရပြီးနောက် အင်္ဂါနေ့တွင် မက္ကဆီကိုစီးတီးရှိ Felipe Angeles လေဆိပ်တွင် လုံခြုံဘေးကင်းစွာ ဆင်းသက်ခဲ့ကာ ဘရာဇီးသို့ ပြန်လာနေပြီဖြစ်သည်ဟု သိရသည်။

လေဆိပ်ဝေဟင်တွင် အချိန်လေးနာရီကြာ လှည့်ပတ် ဝဲပျံခဲ့ရပြီးနောက် အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၇း၁၆ နာရီတွင် လေယာဉ်သည် ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့သည်ဟု ဘရာဇီးလေတပ်က အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ ဆင်းသက်ခဲ့ပါပြီ အားလုံး အဆင်ပြေပါတယ်” ဟု ဘရာဇီး သတင်းပြန်ကြားရေးမှူး ဂျို့စ် ခရစ္စပင်နီယန်နိုက အေပီသတင်းဌာနကို ဖုန်းဖြင့် ဖြေကြားခဲ့သည်။

မက္ကဆီကို သမ္မတ Claudia Sheinbaum ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး မွန်းလွဲပိုင်းတွင် လေယာဉ် ထွက်ခွာခဲ့သော်လည်း မက္ကဆီကိုစီးတီးမှ ထွက်ခွာခဲ့ပြီးနောက်တွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်နှင့်ကြုံတွေ့ခဲ့သည်။ လေယာဉ်သည် လောင်စာဆီလုံလောက်စေရန်အတွက် နောက်တစ်ကြိမ် ဆင်းသက်ခွင့်ပြုရန် ခွင့်ပြုချက်တောင်းခဲ့သည်ဟု ဘရာဇီးလေတပ်က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

လေယာဉ်သည် ပျံတက်ခဲ့အပြီး ငါးနာရီနီးပါးအကြာတွင် ဆင်းသက်ခဲ့သည်ဟု ဆိုသည်။ သမ္မတ လူလာသည် အခြားလေယာဉ်တစ်စင်းကို ပြောင်းစီးကာ အင်္ဂါနေ့အနှောင်းပိုင်းတွင် ဘရာဇီးသို့ ပြန်လာခြင်းဖြစ်သည်ဟု သိရသည်။

Ref: ကို့စ်ရီပို့တာ


LEAVE A REPLY

Please enter your comment!
Please enter your name here