အမျိုးသားများလည်းသန္ဓေတားဆေးသောက်နိုင်တော့မည်

0
18

အမျိုးသားများအတွက် သန္ဓေတားဆေးရဖို့ရာ ခြေတစ်လှမ်းပိုနီးလာပြီဖြစ်ကြောင်း သြစတြေးလျ တက္ကသိုသ်တစ်ခုမှ သုတေသီများက ပြောဆိုလိုက်သည်။

ဟော်မုန်းမပါသော ဆေးအသစ်ကို ဖန်တီးမှု သည် အောင်မြင်ခဲ့သည်ဟု မဲလ်ဘန်းမှ သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောဆိုခဲ့သည်။

Monash တက္ကသိုလ်မှ ပညာရှင်များသည် သိပ္ပံဆိုင်ရာ အတားအဆီးတစ်ခုကို ကျော်လွှား နိုင်ခဲ့ပြီး လက်တွေ့အသုံးတည့်သည့် ဆေးဝါးဖြစ်လာရန် အခွင့်အလမ်းများသည် သိသာစွာ တိုးလာသည်ဟု ၎င်းတို့က ပြောဆိုခဲ့သည်။

Monash ဆေးဝါးသိပ္ပံတက္ကသိုလ်မှ ဒေါက်တာ Sabatino Ventura သည် အမျိုးသား သန္ဓေတားဆေး အစီအစဉ်ကို ဆယ်စုနှစ် ၂ ခုကျော်ကြာ ဦးဆောင်ခဲ့သူဖြစ်သည်။ ဆေးဝါး ရှာဖွေဖော်ထုတ်ရေး အစီအစဉ် နောက်တစ်ဆင့်တက်နိုင်ရေးတွင် အဟန့်အတားဖြစ်နေခဲ့သည့် အဓိကအတားအဆီးကို ကျော်ဖြတ်ရန် သုတေသီအဖွဲ့က စိတ်လှုပ်ရှားနေပြီဟု သူက ပြောဆိုခဲ့သည်။

မိမိတို့၏ အဓိကရည်ရွယ်ချက်မှာ ဟော်မုန်း မပါသော သန္ဓေတားဆေးကို တီထွင်ထုတ်လုပ်နိုင်ရေးသာမက မျိုးပွားခြင်းအပေါ် ရေရှည်အကျိုးသက်ရောက်စေသည့် ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်လည်းဖြစ်၍ တားဆေးကို သုံးစွဲလိုသည့် လူငယ်အမျိုးသားများအတွက် သင့်လျော်မည်ဖြစ်သည်ဟု Ventura က ပြောသည်။
            
အစဉ်အလာ အရ အမျိုးသမီးများကသာ တားဆေးသောက်နေရရာ မှ ယခုအခါ အမျိုးသားများလည်း တားဆေးကို သောက်နိုင်တော့မည်ဖြစ်ရာ အခြေအနေကိုလုံး၀ ပြောင်းလဲသွားစေမည်ဟု Ventura က ပြောသည်။

Ref: နိုင်းနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here