မီယဇခိလေဆိပ်၌ ပေါက်ကွဲမှုဖြစ်၍ လေဆိပ်ယာယီပိတ်ခဲ့ရ

0
7

တိုကျို၊အောက်တိုဘာ ၂

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း မီယဇခိလေဆိပ်ရှိ Taxiway ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လေဆိပ်ကိုယာယီပိတ်ထားခဲ့ရကြောင်း ဒေသတွင်းမီဒီယာများ၏ဖော်ပြချက်အရသိရသည်။

ပေါက်ကွဲမှုဖြစ်သည့်နေရာ၌ ပေါက်ကွဲသံနှင့်အတူ မီးခိုးလုံးထွက်ပေါ်လာသည်ကိုမြင်တွေ့ခဲ့ရကြောင်း လေဆိပ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရုံး၏ သတင်းထုတ်ပြန်ချက်ကိုကိုးကား၍ အင်န်အိတ်ချ်ကေသတင်းဌာနကဖော်ပြထားသည်။

ကင်မရာမှတ်တမ်းများအရ ယင်းပေါက်ကွဲမှုကြောင့် လမ်းပိုင်းတစ်ချို့ပျက်စီးခဲ့ပြီး ပေါက်ကွဲသည့်အရှိန်ကြောင့် အလျား ၇ မီတာ၊အနံ ၄ မီတာနှင့် အနက် ၁ မီတာခန့်ရှိသည့် တွင်းတစ်ခုလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ယခုပေါက်ကွဲမှုကြောင့် ‌ေ-သဆုံးဒဏ်ရာရသူ မရှိသော်လည်း အောက်တိုဘာ ၂ ရက်နေ့အတွက် စုစုပေါင်းလေယာဉ်ခရီးစဉ်ပေါင်း ၆၆ ခုကိုဖျက်သိမ်းလိုက်ရသည်ဟုလည်း လေဆိပ်တာဝန်ရှိသူများကပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ အစိုးရအတွင်းဝန်ချုပ် မစ္စတာဟာယရှိ ယိုရှီမာဆာကမူ ယခုပေါက်ကွဲသည့်ဗုံးအမျိုးအစားသည် အမေရိကထုတ်ဗုံးအမျိုးအစားဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံပေါက်ကွဲနိုင်သည့်အန္တရာယ်မရှိကြောင်းလည်းပြောကြားခဲ့သည်။

အောက်တိုဘာ ၂ ရက်နေ့ကဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုမှာလည်း ယခုမှ ရည်ရွယ်ချက်ရှိရှိထောင်သည့်ဗုံးမျိုးမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးသည့်ဗုံးများသာဖြစ်ကြောင်း တာဝန်ရှိသူများကဆိုခဲ့သည်။

လေဆိပ်အနီးတစ်ဝိုက်၌ ယခုကဲ့သို့ပင် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများကို မကြာခဏတွေ့ရတတ်ပြီး ပေါက်ကွဲမှုကြောင့်ပျက်စီးသွားသည့်လမ်းကို ပြန်လည်ပြုပြင်ကာ အောက်တိုဘာ ၃ ရက်နေ့တွင် လေယာဉ်ခရီးစဉ်များ ပုံမှန်အတိုင်းပြေးဆွဲနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here