Royal-D U-19 Futsal Championship 2024 ပြိုင်ပွဲ အုပ်စု (၈)စု ခွဲ၍ ကျင်းပမည်

0
27

Royal-D U-19 Futsal Championship 2024 ပြိုင်ပွဲကို ယခုလ အောက်တိုဘာ (၁၀)ရက်မှစတင်၍ အုပ်စု (၈)စု ခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တစ်အုပ်စုလျှင် အသင်း (၄) သင်းပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်ကော်မတီထံမှ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အသင်း(၃၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အုပ်စုမဲခွဲပွဲနှင့် ပွဲစဉ်ရေးဆွဲပွဲကို အောက်တိုဘာ (၃)ရက်၊ နံနက်(၁၁) နာရီအချိန်တွင် သုဝဏ္ဏကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအတွင်း ရှုံးထွက် အဆင့်ပွဲစဉ်များ၊ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ၊ ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့် တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲများဖြင့် အဆင့်ဆင့်ကျင်းပသွားမည် ဖြစ်ကြောင်း ဖူဆယ်ကော်မတီက အသိပေးထားသည်။

Royal-D U19 Futsal Championship 2024 ပြိုင်ပွဲတွင် ပထမဆု သိန်း (၃၀)၊ ဒုတိယဆု သိန်း(၂၀ )နှင့် တတိယဆု (၁၅) သိန်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီအနေဖြင့် AYA Pay Futsal Championship 2024 ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ရာ ယခုလ စက်တင်ဘာ(၉) ရက်၌ ပြိုင်ပွဲပြီးဆုံးခဲ့ကာ ယင်းပြိုင်ပွဲအတွင်း MIU FC က ချန်ပီယံဆုကို ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here