မဟတ္တမဂန္ဒီ၏ (၁၅၅) နှစ်မြောက် မွေးနေ့အခမ်းအနားကို India Centre ၌ကျင်းပ

0
36

ယမန်‌နေ့ အောက်တိုဘာလ ၂ရက်တွင် မဟတ္တမဂန္ဒီ၏ (၁၅၅) နှစ်မြောက် မွေးနေ့အခမ်းအနားအား အိန္ဒိယသံရုံးမှ ဦးဆောင်ကာ ဦးနေအုပ်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ India Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များ၊ ပရဟိတအဖွဲ့များ၊ သံတမန်များနှင့် အိန္ဒိယအသိုင်းအဝိုင်းတို့မှ ဧည့်သည်တော်ပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့သည်။

အိန္ဒိယနိုင်ငံသံအမတ်ကြီးမှ မဟတ္တမဂန္ဒီရေးသားခဲ့သည့် “The Story of My Experiments with Truth” နှင့် “Hind Swaraj” ၏ မြန်မာဘာသာပြန်စာအုပ်များကို ရွှေတိဂုံစေတီတော် ဂေါပကနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနပြုတက္ကသိုလ် တို့မှ ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ပြီး‌နောက် ပညာရေးဆိုင်ရာ ပညာရှင်ဦးနေအုပ်၊ စာရေးဆရာကြီး ဦးဟိန်းလတ်နှင့် ဒေါက်တာ တင်မောင်ထွေးတို့မှ မဟတ္တမဂန္ဒီ၏ထင်ရှားပေါ်လွင်သော သွန်သင်ချက် ၊ သတင်းစကားများ ဟောပြောခဲ့သည်။

ထို့နောက် မြန်မာတေးသံရှင် မေသူခိုင်မှ “Vaishnava Jana Toh” သီချင်းဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ဖျော်ဖြေခဲ့ပြီး Swami Vivekananda Cultural Centre မှ ကျောင်းသား/သူများမှ မဟတ္တမဂန္ဒီ၏ အတွေးအခေါ်တို့အား သရုပ်ပြတင်ဆက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here