ဗီယက်နမ်တိရစ္ဆာန်ရုံများ၌ ကြက်ငှက်တုပ်ကွေးကြောင့် ကျား ၄၇ ကောင်သေဆုံး

0
35

ဟနွိုင်း၊အောက်တိုဘာ ၂

H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ တိရစ္ဆာန်ရုံများမှ ကျား ၄၇ ကောင်၊ခြင်္သေ့ ၃ ကောင်နှင့် ကျားသစ်နက်၁ ကောင်တို့သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် အောက်တိုဘာ ၂ ရက်နေ့ကဖော်ပြခဲ့သည်။

အဆိုပါသေဆုံးမှုများသည် ဩဂုတ်လနှင့်စက်တင်ဘာလများအတွင်းကဖြစ်ပေါ်ခဲ့ပြီး Long An ပြည်နယ်ရှိ My Quynh Safari ဥယျာဉ်နှင့် ဟိုချီမင်းမြို့အနီး Dong Nai ရှိ Vuon Xoai တိရစ္ဆာန်ရုံများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။

နိုင်ငံတိရစ္ဆာန် ရောဂါရှာဖွေရေးဌာန ၏ စမ်းသပ်မှုရလဒ်များအရ တိရစ္ဆာန်များသည် H5N1 အမျိုးအစား A ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပြီး တိရစ္ဆာန်ရုံများမှတာဝန်ရှိသူများအား အေအက်ဖ်ပီသတင်းဌာနကဆက်သွယ်မေးမြန်းရာ၌ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဟုသိရသည်။

တိရစ္ဆာန်များနှင့်ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအားလုံး၌မူ အဆိုပါရောဂါကူးစက်ခံရသည့်လက္ခဏာမျိုးမတွေ့ရသေးကြောင်း သိရှိရသည်။

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကိုအလေးထားသည့် အင်န်ဂျီအိုတစ်ခုကမူ ဗီယက်နမ်၌ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ကျားကောင်ရေ ၃၈၅ ကောင်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းသည်။ ၎င်းတို့အနက် အကောင်ရေ ၃၁၀ ခန့်သည် ပုဂ္ဂလိကပိုင်ခြံနှင့်တိရစ္ဆာန်ရုံ ၁၆ ခု၌ထိန်းသိမ်းထားပြီး ကျန်အကောင်များကိုမူ နိုင်ငံပိုင်ထိန်းသိမ်းထားသည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here