ဂါဇာ၌ ငတ်မွတ်ခေါင်းပါးမှုဘေး ပြန့်နှံ့နေဟုသတိပေး–ကုလ

0
18
A man walks past shelter tents erected near collapsed buildings in the Bureij camp for Palestinian refugees in the central Gaza Strip on October 1, 2024 amid the ongoing war in the Palestinian territory between Israel and Hamas. (Photo by Eyad BABA / AFP)

ဂါဇာ၊အောက်တိုဘာ ၂

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့်လုပ်ငန်း အေဂျင်စီ မဟာမင်းကြီး ဖိလစ်လက်ဇာရီနီ က ဂါဇာကမ်းမြောင်ဒေသတွင် ငတ်မွတ်ခေါင်းပါးမှုဘေး ပျံ့နှံ့နေကြောင်း သတိပေးစကားပြောကြားခဲ့သည်ဟုသိရသည်။

“ဩဂုတ်လ၌ ဂါဇာရှိလူပေါင်းတစ်သန်းကျော်သည် စားနပ်ရိက္ခာရရှိမှုမရှိဘဲနေခဲ့ရပြီး စက်တင်ဘာလတွင်မူ အဆိုပါပမာဏသည် ၁ ဒသမ ၄ သန်းအထိ မြင့်တက်လာခဲ့သည်ဟု၎င်းကပြောကြားခဲ့သည်။

ယခုကဲ့သို့ ရိက္ခာပြတ်တောက်သွားရခြင်းသည် ဂါဇာကမ်းမြောင်ဒေသတွင်းသို့ ရိက္ခာပို့ယာဉ်များ လွတ်လပ်စွာဝင်ရောက်ခွင့်မရခြင်း၊လုံခြုံမှုမရှိခြင်း၊လမ်းများပျက်စီးနေခြင်းနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားနေခြင်းများကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု လည်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာ၌ဖြစ်နေသည့် ငတ်မွတ်ခေါင်းပါးမှုဘေးသည် လူဖန်တီးသည့်အရာများသာဖြစ်ပြီး တိုက်ပွဲများကြောင့် သီးနှံစိုက်ခင်းများ၏ ၇၀ ရာခိုင်နှုန်းသည်ပျက်စီးသွားကာ လူထုတစ်ရပ်လုံးက လူသားချင်းစာနာထောက်ထားမှုအကူအညီများအပေါ်သာ မှီခိုနေကြရသည့်အတွက် အငတ်ဘေးကြုံနေရခြင်းဖြစ်သည်ဟုသိရသည်။

ယခုအချိန်သည် ဆောင်းရာသီနီးကပ်လာပြီဖြစ်ကာ ရာသီဥတုဆိုးရွားလာသည်နှင့်အမျှ စားရေရိက္ခာအလုံအလောက်မရရှိပါက အခြေအနေသည် ယခုထက်ပိုဆိုးသွားနိုင်သည်ဟုလည်း သတိပေးစကားပြောကြားခဲ့သည်။

အမှန်တကယ်အရေးတကြီးလိုအပ်နေသည့်အရာမှာ ဂါဇာကမ်းမြောင်ဒေသနှင့် အဆိုပါဒေသတစ်ဝန်းရှိ ပြည်သူများ၏ ဒုက္ခများကိုအဆုံးသတ်နိုင်မည့် အပစ်အခတ်ရပ်စဲရေးသာဖြစ်သည်ဟုလည်း ၎င်းက ပြေကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here