G – 7 ခေါင်းဆောင်များက အရှေ့အလယ်ပိုင်း၌ တင်းမာမှုလျှော့ချရန်တောင်းဆို

0
20
People search for salvage items through a mound of rubble at the Bureij camp for Palestinian refugees in the central Gaza Strip on October 1, 2024 amid the ongoing war in the Palestinian territory between Israel and Hamas. (Photo by Eyad BABA / AFP)

ရောမ၊အောက်တိုဘာ ၂

G – 7 နိုင်ငံများ၏ခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်း၌ တင်းမာမှုများကိုလျှော့ချကာ သံတမန်ရေးအရ ပြေလည်အောင်ညှိနှိုင်းကြရန် အလေးပေးဆောင်ရွက်စေလိုကြောင်း တောင်းဆိုခဲ့သည်ဟုသိရသည်။

လက်ရှိ G – 7 ဥက္ကဌ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီဦးဆောင်ကျင်းပသည့် အရေးပေါ်အစည်းအဝေးတစ်ရပ်အပြီးတွင် ယခု သတင်းထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

မကြာသေးမီအချိန်အတွင်း အရှေ့အလယ်ပိုင်းတွင် မြင့်တက်လာသည့်ပဋိပက္ခများကို စိုးရိမ်ပူပန်မိကြောင်း ၎င်းတို့ကဆိုခဲ့ပြီး တင်းမာမှုများသည် မည်သူ့အတွက်မှအကျိုးမရှိသဖြင့် ယခုအချိန်တွင် သံတမန်နည်းအရဖြေရှင်းပါက ဖြစ်နိုင်ခြေရှိသေးသည်ဟုလည်းဆိုခဲ့သည်။

လက်ဘနွန်တောင်ပိုင်းသို့ အစ္စရေး၏ထိုးစစ်ဆင်မှုစတင်ခဲ့ပြီးနောက် G – 7 နိုင်ငံများဖြစ်သည့် ကနေဒါ၊အမေရိက၊ယူ‌ေက၊ပြင်သစ်၊ဂျာမနီ၊အီတလီနှင့်ဂျပန်တို့က အရေးပေါ်အစည်းအဝေးကျင်းပကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ကုလဆုံးဖြတ်ချက် အမှတ် ၂၇၃၅ နှင့် အစ္စရေး – လက်ဘနွန်နယ်စပ်တည်ငြိမ်ရေးအတွက် ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ တို့ကို အကောင်အထည်ဖော်ကာ နှစ်ဖက်တင်းမာမှုကိုလျှော့ချရန်လည်းကတိပြုခဲ့ကြသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here