အရှေ့အလယ်ပိုင်း၌ တင်းမာမှုများလျှော့ချကာဆွေးနွေးရန် မလေးရှားတောင်းဆို

0
15
Malaysia's Prime Minister Anwar Ibrahim delivers a speech during the groundbreaking ceremony for Malaysia's first Google data centre, in Kuala Lumpur on October 1, 2024. (Photo by Mohd RASFAN / AFP)

ကွာလာလမ်ပူ၊အောက်တိုဘာ ၃

တင်းမာမှုများမြင့်တက်လာနေသည့် အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်နိုင်ငံများအနေဖြင့် တင်းမာမှုများကိုလျှော့ချရန် မလေးရှားနိုင်ငံကတောင်းဆိုခဲ့ကြောင်းသိရသည်။

ဒေသတွင်းပဋိပက္ခများ ပိုမိုကျယ်ပြန့်စွာမဖြစ်ပွားစေဖို့ လိုအပ်သည့် ကြိုတင်ကာကွယ်မှုကို ပြုလုပ်ရန်နှင့် ရန်လိုမှုများကိုလျှော့ချရန် သက်ဆိုင်သူအားလုံးအနေဖြင့် တင်းမာမှုများလျှော့ချကာ ညှိနှိုင်းဆွေးနွေးသင့်ကြောင်း မလေးဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ကပြောကြားခဲ့သည်။

“အပျက်အစီးအဆုံးအရှုံးများစေပြီး ကိုယ့်ရဲ့မိတ်ဆွေ မဟာမိတ်ကိုထိလို့ ဝင်ပါမှုတွေဖြစ်စေမဲ့ အခုလိုပဋိပက္ခမျိုးကို ကျွန်တော်တို့က သတိထားရှောင်ကြဉ်ရမှာဖြစ်ပါတယ်၊မရှောင်နိုင်ရင်တော့ ပဋိပက္ခတွေက ပိုပိုကြီးလာဖို့ပဲရှိပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အီရန်တပ်ဖွဲ့များသည် အစ္စရေး၏ လေကြောင်းနှင့်ရေဒါအခြေစိုက်စခန်းများအပါအဝင် အခြားအဆောက်အအုံများစွာကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည့်အတွက် အစ္စရေးက ယင်းတိုက်ခိုက်မှုကို လက်တု့န်ပြန်မည်ဟု အခိုင်အမာ ပိုင်းဖြတ်ထားသည့်အတွက်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက တင်းမာမှုများ ဆက်လက်မြင့်တက်လာမည်ကိုစိုးရိမ်နေကြခြင်းဖြစ်သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here