ဗဟိုဘဏ်‌က တရုတ်ယွမ် (၁.၂) သန်းကျော်နှင့် ထိုင်းဘတ် (၁၀) သန်း ထုတ်ရောင်း

0
17

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာ (၂) ရက်တွင် FX Market Online Trading Platform မှတဆင့် ငွေလဲနှုန်း (၄၉၈.၂)ကျပ်ဖြင့် တရုတ်ယွမ် (၁.၂) သန်းကျော်၊ ငွေလဲနှုန်း (၁၀၇.၁)ကျပ်ဖြင့် ထိုင်းဘတ် (၁၀) သန်းကို ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့တစ်ရက်တည်းတွင်ပင် ဗဟိုဘဏ်အပါအဝင် ဘဏ်နှင့် လုပ်ငန်းရှင်များအကြား ဒေါ်လာသန်း (၂၀) ၊ တရုတ်ယွမ် (၄.၅) သန်းကျော်နှင့် ထိုင်းဘတ် (၃၄) သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း ဗဟိုဘဏ်၏ အချက်အလက်များအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်အထိ (၂)လအတွင်း ဒေါ်လာ (၁၃. ၁၆၉) သန်းနှင့် ယွမ်သန်း (၃၀)ခန့် ထုတ်ရောင်းပေးခဲ့သလို ထိုင်းဘတ်သန်း (၃၂၀) ကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် (၇၀၀၀) ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာ (၂၇) ရက်မှစတင်၍ ကျပ် (၅၀၀၀) အောက်သို့ ပြန်လည် ကျဆင်းခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် (၄၇၅၀) ၊ ယွမ်ငွေ တစ်ယွမ်လျှင် (၆၅၉)ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် (၁၃၉.၈၆) ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here