ထိုင်ဝမ်အရေးတရုတ်နှင့်အတူ ရပ်တည်…ရုရှား နိုင်ငံခြားရေးဝန်ကြီး

0
21
Russian Foreign Minister Sergey Lavrov speaks at a press conference during the 79th Session of the United Nations General Assembly at the United Nations headquarters in New York City on September 28, 2024. (Photo by Bryan R. SMITH / AFP)

အမေရိက၏ ထိုင်ဝမ်ကျွန်းဝန်းကျင်တစ်ဝိုက် အခြေအနေများဆိုးဝါးအောင် ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်မှုများနှင့် ၎င်း၏ သြဇာလွှမ်းမိုးမှုချဲ့ထွင်ရေး လုပ်ရပ်များအပါအဝင် အာရှရေးရာ ကိစ္စများ၌ ရုရှားသည် တရုတ်နိုင်ငံနှင့်အတူ ရပ်တည်သည်ဟု ကြာသပတေးနေ့(အောက်တိုဘာ ၃) တွင် ဖော်ပြသည့် အင်တာဗျူးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

အစိုးရသတင်းစာ Rossiiskaya Gazeta တွင် ဖော်ပြခဲ့သည့် အင်တာဗျူးတွင် ဆာဂေး လက်ဗရော့ဗ်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယူကရိန်းစစ်ပွဲအပေါ် ပေကျင်း၏ ချဉ်းကပ်မှုပုံစံနှင့် ပတ်သက်၍လည်း သူက ချီးကျူးခဲ့ကာ နှစ်နိုင်ငံစလုံးသည် ပဋိပက္ခနောက်ကွယ်တွင် တည်ရှိနေသော ပြဿနာများကို ဖြေရှင်းလိုကြသည်ဟု ဆိုခဲ့သည်။

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံမှု ၇၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အင်တာဗျူးစာလွှာတွင် မော်စကိုနှင့် ပေကျင်းသည် အာရှ-ပစိဖိတ်ဒေသတွင် အနောက်နိုင်ငံများ၏ တိုးမြင့်လာသော အန္တရာယ်များနှင့် ဆက်စပ်၍ အကဲဖြတ်ကြရာ၌ နီးစပ်သော ရပ်တည်မှုရှိကြောင်း လက်ဗရော့ဗ်က ဆိုခဲ့သည်။

“အမေရိကန်ပြည်ထောင်စုနဲ့ ၎င်းရဲ့ အဆွယ်အပွားတွေဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ အခြေအနေကို ရည်ရွယ်ချက်ရှိရှိ နှိုးဆွနေပါတယ်” ဟု လက်ဗရော့ဗ်က ရေးသားသည်။

၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် အသိအမှတ်ပြုထားသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ချိုးဖောက်ကာ ကျွန်းဒေသ၏ အစိုးရနှင့် ဆက်ဆံရေး အားကောင်းစေရန် လုပ်ဆောင်နေကြောင်း ထိုင်ဝမ်အရေးနှင့် ပတ်သက်လျှင် ရုရှား၏ ရပ်တည်ချက်သည် အပြောင်းအလဲမရှိဘဲ တရုတ်၏ ပိုင်နက်နယ်မြေတည်တံ့မှုကို ထောက်ခံကြောင်း ၎င်းက ပြောသည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဟူသော တရုတ်အစိုးရ၏ အဓိကမူဝါဒကို လက်ဗရော့ဗ်က ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်များ အာဏာရလာခဲ့ပြီးနောက် အမျိုးသားရေးသမားများ ထွက်ပြေးသွားခဲ့ကာ သီးခြားအစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်နေသည့် ကျွန်းဒေသနှင့် ပြန်လည်ပေါင်းစည်းရေးကို အောင်မြင်အောင်လုပ်ဆောင်မည်ဟု တရုတ်သမ္မတ ရှီကျင်းပင်က အကြိမ်ကြိမ် ကတိပြုပြောဆိုထားသည်။

Ref: သည်အီကော်နောမစ်တိုင်းမ်


LEAVE A REPLY

Please enter your comment!
Please enter your name here