Saturday, March 8, 2025

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပထမဆုံးကလေ-းငယ်များပါဝင်သည့် Group...

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပထမဆုံးကလေ-းငယ်များပါဝင်သည့် Group တစ်ခုကို ဘီလာရုစ်နိုင်ငံ၊ ဆူးပရူးနော့အပန်းဖြေစခန်းသို့လာရောက်ရန်ဖိတ်ခေါ်ထားဟု ဘီလာရုစ်သမ္မတ H.E. Mr.Alexander Gregoryevich Lukashenko ကပြောသည်။ နစက...

မျိုးဆက်သစ် အမျိုးသမီးဘောလုံးကစားသမားများပေါ် ထွက်လာရေး အမျိုးသမီး...

မျိုးဆက်သစ် အမျိုးသမီးဘောလုံးကစားသမားများ ပေါ်ထွက်လာရေး အမျိုးသမီး ယူ ၁၉ နှင့် ယူ ၁၆ အသင်းများ ဖွဲ့စည်း၍ ပြည်တွင်းပြည်ပ ပြိုင်ပွဲများတွင်...

ဆယ်တန်းစာမေးပွဲ ကာလအတွင်း မီးမပျက်ရေး အလေးထားဆောင်ရွက်ရန်...

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကာလအတွင်းလျှပ်စစ်မီး မပြတ်တောက်ရေး အလေးထားဆောင် ရွက်ကြရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၂/ ၂၀၂၅)အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။ မတ် (၁၇)...

မိမိတို့တိုင်းပြည်၏မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရန် တပ်ချုပ်မှာကြား

လူတိုင်းတွင် မျှော်လင့်ချက်ရှိသကဲ့သို့ မိမိတို့တိုင်းပြည်၏မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ပညာသင်ကြားနေသည့် သင်တန်းသားအရာရှိများအား မတ်...
HomeInternationalအိန္ဒိယသံအမတ်အပါအဝင် သံအမတ်ငါးဦးကို ဘင်္ဂလားဒေ့ရှ်က...

အိန္ဒိယသံအမတ်အပါအဝင် သံအမတ်ငါးဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရသည် ကြီးမားသောသံတမန် အပြောင်းအရွှေ့အဖြစ် အိမ်နီးချင်း အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်အပါအဝင် သံအမတ်ငါးဦးကို ပြန်လည်ခေါ်ယူခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အောက်တိုဘာ ၃ ရက်တွင် ပြောဆိုသည်။

နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင် မူဟမ်မက် ယူနွတ်စ်ဦးဆောင်သော ကြားဖြတ်အစိုးရလက်ထက်တွင် တောင်အာရှနိုင်ငံ၌ ကြီးမားသော နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

ဘရပ်ဆဲလ်၊ ကင်ဘာရာ၊ လစ္စဘွန်း နှင့် နူးဒေလီ သံအမတ်ကြီးများ နှင့် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်တို့ကို မြို့တော်ဒါကာသို့ ချက်ချင်း ပြန်လာရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေးခဲ့သည်ဟု အမည်မဖော်လိုသူ အထက်ပါ အရာရှိက ပြောသည်။

၎င်းတို့အနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ချက်ချင်းလွှဲအပ်၍ ပြန်လာကြရန် ညွှန်ကြားခဲ့သည်ဟု အသေးစိတ်အချက်များမပါဝင်ဘဲ သူက ပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ဖြစ်သူ Saida Muna Tasneem ကိုလည်း အလားတူ ပြန်လည်ဆင့်ခေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံခေါ်ယူမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဟာစီနာပြုတ်ကျခဲ့သည့် ကျောင်းသားထုဦးဆောင်သော ဆန္ဒပြမှုများအတွင်း လူ ၇၀၀ ကျော် သေဆုံးခဲ့ရပြီး အိန္ဒိယနှင့် တင်းမာမှုများဖြစ်စေခဲ့သည်။ အိမ်နီးချင်းနှစ်နိုင်ငံသည် မိုင်ပေါင်း ၂၅၀၀ ခန့် နယ်နိမိတ်ထိစပ်မှုရှိကာ ဘင်္ဂလားပင်လယ်အော်တွင်လည်း ရေပြင်နယ်နိမိတ် ထိစပ်နေသည်။

နိုင်ငံရေး အပြောင်းအလဲကြောင့် ဟိန္ဒူဘာသာဝင်များ တိုက်ခိုက်ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစု အသိုက်အဝန်းက ပြောသည်။ သို့ရာတွင် ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံရေး ရည်ရွယ်ချက်သာဖြစ်ပြီး ဘာသာရေးပြဿနာမဟုတ်ဟု အစိုးရက ပြောဆိုသည်။

Ref: သည်အီကော်နောမစ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပထမဆုံးကလေ-းငယ်များပါဝင်သည့် Group တစ်ခုကို ဘီလာရုစ်နိုင်ငံ၊ ဆူးပရူးနော့အပန်းဖြေစခန်းသို့လာရောက်ရန်ဖိတ်ခေါ်ထားဟု ဘီလာရုစ်သမ္မတပြော

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပထမဆုံးကလေ-းငယ်များပါဝင်သည့် Group တစ်ခုကို ဘီလာရုစ်နိုင်ငံ၊ ဆူးပရူးနော့အပန်းဖြေစခန်းသို့လာရောက်ရန်ဖိတ်ခေါ်ထားဟု ဘီလာရုစ်သမ္မတ H.E. Mr.Alexander Gregoryevich Lukashenko ကပြောသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘီလာရုစ်သမ္မတတို့ ယမန်နေ့ မတ် ၇ ရက်က သီးသန့်တွေ့ဆုံဆွေးနွေးပြီးချိန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ-ဘီလာရုစ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအားမြှင့်တင်ရန် မြန်မာနိုင်ငံမှကျောင်းသားများ လာရောက်ပညာသင်ကြားချိန်တွင် အစစအရာရာအဆင်ပြေစေရေးအတွက် ဘီလာရုစ်နိုင်ငံက အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။ ထို့ပြင် နစက ဥက္ကဋ္ဌနှင့်တွေ့ဆုံချိန်၌ စီးပွားရေးလုပ်ငန်းဆိုင်ရာများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် နှစ်နိုင်ငံ မဟာဗျူဟာကျကျအစီအစဉ်ရေးဆွဲနိုင်ရေးအတွက် သဘောတူညီမှုရခဲ့ပြီး မြန်မာနိုင်ငံမှထွက်ရှိသည့်...

မျိုးဆက်သစ် အမျိုးသမီးဘောလုံးကစားသမားများပေါ် ထွက်လာရေး အမျိုးသမီး ယူ ၁၉ နှင့် ယူ ၁၆ အသင်းများ ဖွဲ့စည်းမည်

မျိုးဆက်သစ် အမျိုးသမီးဘောလုံးကစားသမားများ ပေါ်ထွက်လာရေး အမျိုးသမီး ယူ ၁၉ နှင့် ယူ ၁၆ အသင်းများ ဖွဲ့စည်း၍ ပြည်တွင်းပြည်ပ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကစားသွားရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ လာမယ့် ၂၀၂၅ ဩဂုတ်လအတွင်း မြန်မာအမျိုးသမီး ယူ -၁၆ အသင်းအနေဖြင့် AFF girls U16 Championship 2025 ပြိုင်ပွဲကို အင်ဒိုနီးရှား နိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ရန်ရှိနေပြီး အမျိုးသမီး ယူ-၁၉ နှင့် အမျိုးသမီး လက်ရွေးစင် အသင်းများအနေဖြင့်လည်း နိုင်ငံတကာ ပြိုင်ပွဲများတွင်...

ဆယ်တန်းစာမေးပွဲ ကာလအတွင်း မီးမပျက်ရေး အလေးထားဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး တင်အောင်စန်းမှာကြား

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကာလအတွင်းလျှပ်စစ်မီး မပြတ်တောက်ရေး အလေးထားဆောင် ရွက်ကြရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၂/ ၂၀၂၅)အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။ မတ် (၁၇) ရက်မှ (၂၂) ရက်အတွင်း တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်/ကောလိပ်စာမေးပွဲများ တပြိုင်တည်းကျင်းပမည်ဖြစ်သည့်အတွက် စာမေးပွဲဖြေဆိုချိန်ကာလနှင့် စာကျက်မှတ်ချိန်ကာလများအတွင်း ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လက်ရှိအချိန်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်း သား/ကျောင်းသူဦးရေ (၂၂၀,၀၀၀)ဝန်းကျင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071