TIME 100 NEXT ခေါင်းဆောင်စာရင်း၌ ထိုင်းဝန်ကြီးချုပ်သစ်ပါဝင်

0
16
Thailand's new Prime Minister Paetongtarn Shinawatra (C), known by her nickname "Ung Ing" and daughter of former prime minister Thaksin Shinawatra, addresses the media after a special cabinet meeting at Government House in Bangkok on September 7, 2024. - Paetongtarn Shinawatra, the heiress of Thailand's most famous political dynasty, was sworn in as prime minister on September 6, capping a month of turmoil in which her predecessor was thrown out of office and the main opposition party dissolved. (Photo by MANAN VATSYAYANA / AFP)

Time မဂ္ဂဇင်း၏ဖော်ပြချက်အရ ထိုင်းဝန်ကြီးချုပ်သစ် ပေတုန်တန်ရှင်နာဝပ်ထရာသည် ၂၀၂၄
ခုနှစ်အတွက် TIME100 Next ခေါင်းဆောင်များစာရင်းတွင် ပါဝင်ခဲ့ကြောင်းသိရသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဆရီသာသာဗီဆင်ကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထုတ်ပယ်လိုက်ပြီးနောက် ထိုင်းနိုင်ငံ၏ ၃၁ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော မစ္စပေတုန်တန်သည် Time မဂ္ဂဇင်းကရွေးချယ်သည့် TIME 100 NEXT ၏ နိုင်ငံ့ခေါင်းဆောင်စာရင်း၌ပါဝင်လာသည့် တစ်ဦးတည်းသောထိုင်းလူမျိုးလည်းဖြစ်သည်။

TIME 100 NEXT စာရင်းအား ရွေးချယ်ရာ၌ အနုပညာရှင်၊ကျွမ်းကျင်ပညာရှင်၊တီထွင်သူ၊ရှေ့နေနှင့် ခေါင်း ဆောင်များဟူ၍ အမျိုးအစားငါးမျိုးခွဲခြားထားသည်ဟုသိရသည်။

“ဒီနွေရာသီမှာ ပေတုန်တန်က သမိုင်းဝင်အရာတစ်ခုကိုလုပ်နိုင်ခဲ့ပါတယ်။သူ့ရဲ့ ၃၈ နှစ်ပြည့် မွေးနေ့မတိုင်ခင် ရက်ပိုင်းအလို သြဂုတ် ၁၈ ရက်မှာပဲ ထိုင်းဝန်ကြီးချုပ်အဖြစ်‌ရော အာရှရဲ့အသက်အငယ်ဆုံးအမျိုးသမီးခေါင်းဆောင်အဖြစ်ပါအတည်ပြုခံခဲ့ရပါတယ်” ဟုလည်း အမေရိကန်အခြေစိုက် သတင်းစာစောင်ကဖော်ပြခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ မစ္စ ပေတုန်တန်သည် TIME မဂ္ဂဇင်း၏စာရင်း၌ပါဝင်ခဲ့သည့် ဖြူထိုင်းပါတီမှ ပထမဆုံးပါတီဝင်အမျိုးသမီးဖြစ်ပြီး ၎င်း၏အဒေါ် ယဉ်လတ်ကမူ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်အတွက် Forbes ၏ “သြဇာအရှိဆုံးအမျိုးသမီးများ” စာရင်းတွင်ပါဝင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။

ထို့ပြင် ပေတုန်သည် Bangkok Post’s Women of the Year 2024 တွင်လည်း ဆုချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here