ဘားအံ-လှိုင်းဘွဲ့ ကားလမ်းပေါ်တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် (၉) နေရာအနက် (၈) နေရာအား ပြင်ဆင်ပြီး

0
14

ကရင်ပြည်နယ်အတွင်းရှိ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမကြီး၊ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်း (ထီလုံ-ပတ) အပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် နေရာ(၉)နေရာ၌ ရေကျော်ခဲ့ပြီး ထိခိုက်မှုများရှိခဲ့ရာ လက်ရှိတွင် (၈) နေရာအား ပြင်ဆင်ပြီးဖြစ်ကြောင်း ပြည်နယ်လမ်းဦးစီးဌာနမှ သိရသည်။

ကရင်ပြည်နယ် ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမကြီး၊ ထီလုံ -တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပိုင်း ရေကြီးရေလျှံမှုဖြစ်ပွားစဉ်က ရေကျော်ခဲ့သည့် လမ်းပိုင်းများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၃) ရက် နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်း (ထီလုံ-ပတ) အပိုင်းတွင် ရေကြီး ရေလျှံမှုဖြစ်စဉ်ကြောင့် တံတားအမှတ် (၂/၇) ကျောက်စီကမ်းကပ်ခုံ (၁၀) ပေတံတား၏ ကမ်းကပ်ခုံသည် ကြံ့ခိုင်မှုအားနည်းနေ၍ ယာဉ်သွားလာမှုပြတ်တောက်မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စေရေး လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၂)က သံဘောင်ဘေလီတံတား ၃၀ ပေ (D/S) တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here