ထိုင်ဝမ်၌ ဆေးရုံမီးလောင်သဖြင့် လူကိုးဦး‌ေ-သဆုံး

0
20

တိုင်ပေ၊အောက်တိုဘာ ၃

ထိုင်ဝမ်နိုင်ငံတောင်ပိုင်းရှိ Pingtung ကောင်တီဆေးရုံ၌ ကြာသပတေးနေ့နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေ့လည် ၁ နာရီအချိန်၌ ‌ေ-သဆုံးသူ ကိုးဦးရှိလာကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ဒေသဆိုင်ရာအာဏာပိုင်များ၏ပြောကြားချက်အရ ‌ေ-သဆုံးသူများကို ဆေးရုံအတွင်းမှ သယ်ထုတ်လာစဉ်ကတည်းက အရေးပေါ်ကယ်ဆယ်ရေးဖြင့် ကြိုးစားကယ်တင်ခဲ့သော်လည်း မအောင်မြင်ဘဲ အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

Antai Tian – sheng Memorial ဆေးရုံ၌ မီးလောင်နေကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့ကသတင်းရရှိသဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင်ဖော်ပြထားသည်။

ဆေးရုံတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ မီးလောင်ကျွမ်းမှုသည် ဆေးရုံစက်ခန်းရှိ အဲကွန်ပရက်ဆာတစ်ခု အပူလွန်ကဲလောင်ကျွမ်းမှုကြောင့် ဖြစ်ပြီး ‌ေ-သဆုံးသူများသည် သက်ကြီးရွယ်အိုဆေးရုံတက်လူနာများဖြစ်သည်ဟုလည်းသိရသည်။

လက်ရှိအချိန်အထိ ‌ေ-သဆုံးသူကိုးဦးရှိကာ မီးကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က မီဒီယာများကို အသိပေးပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here