ဗီယက်နမ်ငါးဖမ်းလှေကို တရုတ်တိုက်ခိုက်မှု ဗီယက်နမ်ရှုံ့ချ

0
39

ဟနွိုင်း၊အောက်တိုဘာ ၃

အငြင်းပွားရေပိုင်နက်ဖြစ်သည့် တောင်တရုတ်ပင်လယ်ပြင်၌ ဗီယက်နမ်ငါးဖမ်းသင်္ဘောကို တရုတ်ကတိုက်ခိုက်ခြင်းသည် တံငါလုပ်သားများ၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဗီယက်နမ်ကစွပ်စွဲပြောကြားလိုက်သည်။

ယင်းသို့တိုက်ခိုက်ခံလိုက်ရသည့်အတွက် ဗီယက်နမ်ငါးဖမ်းသင်္ဘောမှ သင်္ဘောသား ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ သုံးဦးသည် အရိုးကျိုးဒဏ်ရာများရရှိခဲ့သည်ဟု ဗီယက်နမ်နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သည့် Tien Phong တွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယခုကိစ္စကို မှတ်ချက်ပေးရန်အကြောင်းပြန်ကြားခြင်းမရှိသော်လည်း အဆိုပါငါးဖမ်းသင်္ဘောသည် Paracel ကျွန်း၌ တရုတ်နိုင်ငံ၏ခွင့်ပြုချက်မရဘဲ ဝင်ရောက်ငါးဖမ်းနေသည့်အတွက် တရုတ်အာဏာပိုင်များက အရေးယူခဲ့ခြင်းသာဖြစ်သည်ဟုဆိုသော်လည်း ယခုဖြစ်စဉ်ကို ရည်ညွှန်းပါသည်ဟု တိတိကျကျထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

တိုက်ခိုက်ခံရသည့်လှေပေါ်မှ ပင်လယ်စာ လေးတန်ခန့် ကိုသိမ်းဆည်းရမိပြီး လှေပေါ်ရှိ လုပ်ငန်းသုံးကိရိယာများသည် လည်း ဖျက်ဆီးခံခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာ၌ဖော်ပြထားပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ဗီယက်နမ်ငွေကြေး ဒေါင် သန်း ၅၀၀ (ကန်ဒေါ်လာ ၂၀,၂၂၀) ထိရှိသည်ဟုလည်းသိရသည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here