ဒေါနတောင်တက်လမ်း၌ ပေ(၁၀၀) အနက် ချောက်အတွင်းမှ ယာဉ်နှင့်အတူယာဉ်မောင်း၏ ရုပ်လေ-ာင်း ဆယ်ယူပြီးစီး

0
32

ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းတွင် ချောက်အတွင်းမှ(၁၀)ဘီး ကုန်ကားတစ်စီးနှင့်အတူယာဉ်မောင်း၏ ရုပ်အလေ-ာင်းကို ဆယ်ယူပြီးစီးပြီဖြစ်ကြောင်း မြေပြင်ကူညီဆောင်ရွက်ပေးသူ ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ယာဉ်မောင်း အမျိုးသားအား ဖြစ်စဉ်ဖြစ်ပွားသည့် ယမန်နေ့ အောက်တိုဘာ(၃)ရက် ညနေ(၆)နာရီအချိန်၌ပင် ကျသည့်နေရာမှ လမ်းပေါ်သို့ တင်နိုင်ခဲ့ပြီး ည(၉)နာရီအချိန်တွင် မြဝတီ ပြည်သူဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ချောက်ထဲသို့ ယာဉ်နှင့်အတူ ကျခဲ့သည့် ယာဉ်မောင်းမှာ အသက် (၃၉)နှစ်အရွယ် ကိုဇာနည်ထွေး ဆိုသူဖြစ်ပြီး ၎င်းအား တောင်အောက်မှ (၂)နာရီကျော်ကြာ ဆွဲတင်ခဲ့ကြရကြောင်းနှင့် လက်ရှိတွင် မြဝတီပြည်သူ့ဆေးရုံ ရေခဲတိုက်သို့ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့အပြင် အသက်ဆုံးရှုံးခဲ့ရသည့် ယာဉ်မောင်းအမျိုးသား၏ မိသားစုနှင့်အဆက်အသွယ်ရရှိပြီဖြစ်ကြောင်းနှင့် ယာဉ်ပိုင်ရှင်မှာ တာချီလိတ်မြို့တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

“သူ့မိသားစုနဲ့ အဆက်အသွယ်ရပါပြီ။ သူတို့ မန္တလေးရောက်နေပြီပြောတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့က ပါ။ ကားအုံနာက တာချီလိတ်ကပါ။ သူလည်း ဖြစ်စဉ်ကို သိပြီးသွားပါပြီ “ဟု ၎င်းက ပြောသည်။

ယမန်နေ့ အောက်တိုဘာ(၃)ရက် နံနက်ပိုင်းက အဆိုပါ လမ်းပိုင်းတွင် မြဝတီသို့ ကုန်တင်ဆောင်ရန် သွားခဲ့သည့် (၁၀)ဘီး ကုန်ကားတစ်စီးမှာ ချောက်ကမ်းပါးနှင့် အလည်ဗိုလ်တဲအကြားတွင် ပေ(၁၀၀) အနက်ရှိ ချောက်အတွင်းသို့ ထိုးကျခဲ့ရာ ယာဉ်နှင့်အတူ ယာဉ်မောင်းပါ တပါတည်း ကျခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here