အမေရိက၌ ဟာရီကိန်းဟယ်လင်ကြောင့် ‌ေ-သဆုံးသူ ၂၀၀ ကျော်အထိရှိလာ

0
26
A washed out road is seen in Black Mountain, North Carolina, on October 3, 2024, after the passage of Hurricane Helene. - More than 210 people are now confirmed dead after Hurricane Helene carved a path of destruction through several US states, officials said October 3, making it the second deadliest storm to hit the US mainland in more than half a century. (Photo by Allison Joyce / AFP)

နူးယော့ခ်၊အောက်တိုဘာ ၃

ဟာရီကိန်းမုန်တိုင်း ဟယ်လင်ဒဏ်ကို ခံခဲ့ရသော အမေရိက အရှေ့တောင်ပိုင်းပြည်နယ်များ၌ ‌ေ-သဆုံးသူအရေအတွက်သည် ၂၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း NBC သတင်းဌာန၏ သတင်းများအရသိရသည်။

လွန်ခဲ့သည့်တစ်ပတ်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အဆိုပါဟာရီကိန်းမုန်တိုင်းကြောင့် လူပေါင်း ၂၀၄ ဦးထက်မနည်း‌ေ-သဆုံးကာ ရာနှင့်ချီ၍ ပျောက်ဆုံးနေဆဲဖြစ်ပြီး လျှပ်စစ်ဓါတ်အားလည်းပြတ်တောက်လျက်ရှိကြောင်းသိရသည်။

‌ေ-သဆုံးမှုအရေအတွက်တိုးလာသည်နှင့်အမျှ ဟာရီကိန်းဟယ်လင်သည် ၂၀၀၅ ခုနှစ်က အမေရိကသို့ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဟာရီကိန်းကက်ထရီနာနောက်ပိုင်း အ‌ေ-သအပျောက်အများဆုံး သဘာဝဘေးတစ်ခုလည်းဖြစ်လာခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည်လည်း ဟယ်လင်ဘေးသင့်ဒေသများသို့ စားနပ်ရိက္ခာ၊ရေနှင့်အခြားအရေးပါသော ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ကူညီနိုင်ရန်အတွက် တာဝန်ထမ်းဆောင်နေသည့်စစ်သည် ၁,၀၀၀ ကို ချက်ချင်းတပ်ဖြန့်ကယ်ဆယ်ရေးကိုဆောင်ရွက်စေခဲ့သည်။

ယင်းနောက် သမ္မတဘိုင်ဒင်သည် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို စစ်တမ်းကောက်ယူရန်နှင့် ကွင်းဆင်းလေ့လာရန် ဗုဒ္ဓဟူးနေ့က ကာရိုလိုင်းနားပြည်နယ်သို့သွားရောက်ခဲ့ပြီး ကြာသပတေးနေ့တွင် ဂျော်ဂျီယာနှင့် ဖလောရီဒါသို့သွားမည်ဟုလည်းသိရသည်။

ယင်းနောက် ဒေသဆိုင်ရာအာဏာပိုင်များနှင့်တွေ့ဆုံဆွေးနွေးကာ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးသွားမည်ဟုလည်း အိမ်ဖြူတော်ကသတင်းထုတ်ပြန်ကြေငြာခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here